Boundary

ရိုးရိုးရှင်းရှင်းလေးပဲ ပြောရရင် “ကိုယ်ရဲ့ သည်းခံနိုင်မှုအတိုင်းအတာ နဲ့ ကိုယ့်ရဲ့ 𝗹𝗶𝗺𝗶𝘁” ဘာကြောင့် 𝗕𝗼𝘂𝗻𝗱𝗮𝗿𝘆 လိုအပ်လဲ? ကိုယ့်စိတ်ထဲ သက်သောင့်သက်သာမရှိတဲ့အရာ၊ မနှစ်မြို့တဲ့အရာတွေနဲ့ ကိုယ့်အတွက် အဆင်မပြေတဲ့အရာတွေကို reasons ပေါင်းများစွာနဲ့အတူ ကိုယ့်ရဲ့ခံစားချက်အစစ်အမှန်တွေကို ဘေးဖယ်ပြီး အများအတွက် လိုက်လျောမိတတ်ကြတယ်။ အားနာလို့၊ ခင်လို့၊ ထောက်ထားစရာရှိလို့၊ သူနဲ့ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့၊ ကိုယ့်ကိုချစ်ခင်ရင်းနှီးစေဖို့ စသဖြင့်ပေါ့။ ဒီတော့ ကိုယ့်ရဲ့ သည်းခံနိုင်မှုအတိုင်းအတာထက်ကျော်လွန်ပြီး အများအတွက် ဖြည့်ဆည်းပေးတာမျိုးတွေ၊ “𝗡𝗼” ပြောနိုင်ဖို့ ခဲယဉ်းတာမျိုးတွေ၊ ကိုယ့်အပေါ်ပြုမူသမျှတွေကို ကြိတ်မှိတ်သည်းခံနေတာမျိုးတွေနဲ့အတူ ကိုယ်မကြိုက်တာတွေတောင် အများအကြိုက်လိုက်ပြီး လိုက်လျောတတ်တာတွေကို လုပ်မိတတ်ကြပါတယ်။ ဒီလို 𝗕𝗼𝘂𝗻𝗱𝗮𝗿𝘆 မထားတဲ့အခါ ဘာဖြစ်မလဲ? အဓိက ကိုယ့်ကိုပင်ပန်းစေတာပေါ့။ ကိုယ်မကြိုက်ပေမယ့် ဖွင့်မပြောပဲ အမြဲ ကြိတ်မှိတ်သည်းခံနေတဲ့အခါ (သို့) ကိုယ့်ရဲ့သည်းခံနိုင်မှုထက်ကျော်လွန်ပြီး တခြားသူကို […]

Boundary Read More »