Image for Forgiveness by Healing with Andrea

ခွင့်လွှတ်ခြင်း (Forgiveness)

“Forgiveness” ကျွန်မတို့ကို နာကျင်အောင်လုပ်ခဲ့သူတွေကို ခွင့်လွှတ်ဖို့ ကြိုးစားကြည့်ဖူးလား ကြိုးစားကြည့်ဖူးလား ဆိုတဲ့စကားထက် စဉ်းစားကြည့်ဖူးလား ဆိုတဲ့ စကားကတောင် ကျွန်မတို့နဲ့ ပိုနီးစပ်နိုင်မယ်ထင်မိတယ်။ ဒီလို ကျွန်မတို့ကို နာကျင်အောင် လုပ်ခဲ့တဲ့သူတွေထဲမှာ တစိမ်းတွေလည်း ပါဝင်နေနိုင်သလို မိသားစုဝင်လို့ သတ်မှတ်နိုင်သူတွေလည်း ပါကောင်းပါနိုင်ပါတယ်။ သိုက်သိုက်ဝန်းဝန်းရှိရမယ့်မိသားစုလေးကို ပြိုပျက်မယ့်လမ်း ရွေးချယ်သွားသူတွေ၊ ကိုယ်ပေးအပ်ထားတဲ့ တန်ဖိုးတွေနဲ့ စစ်မှန်မှုတွေကို နင်းချေသစ္စာမဲ့သွားသူတွေ၊ ပေးဆပ်မှုနဲ့မတန်အောင် နာကျင်စေသူတွေနဲ့ ကိုယ့်ရဲ့ကမ္ဘာလေးကို ဖြိုဖျက်ကြားဝင်သွားသူတွေ..စသဖြင့် ရှိနိုင်တာပေါ့လေ။ နာကျင်မှုကနေရရှိလာတဲ့ ဝမ်းနည်းမှုတွေ၊ အများကြား (သို့) ပတ်ဝန်းကျင်မှာ ဖြတ်ကျော်ရတဲ့ အခက်အခဲတွေ၊ သိမ်ငယ်မှုတွေ၊ မျှော်လင့်ချက်ကင်းမဲ့မှုတွေနဲ့ အထီးကျန်မှုတွေကြောင့် ဒဏ်ရာနဲ့အတူ ဒေါသတွေနဲ့ နာကြည်းမှုတွေလည်း ကပ်ပါလာခဲ့တယ်။ ကိုယ်ရုန်းကန်ဖြတ်သန်းခဲ့ရတဲ့ အခြေအနေနဲ့ ခံစားမှုပမာဏအပေါ်မူတည်ပြီး ခွင့်မလွှတ်နိုင်မှုအတိုင်းအတာကလည်း ပိုမြင့်မားနိုင်တာပေါ့။ ဒါ့ကြောင့် ခွင့်လွှတ်ခြင်းဆိုတဲ့စကားဟာ နာကျင်စွာပေးဆပ်ခဲ့ရသူတွေအတွက်တော့ […]

ခွင့်လွှတ်ခြင်း (Forgiveness) Read More »