“No” ပြောခဲ့ပေမယ့် “Guilty” ဖြစ်မိတယ်…
ကိုယ်အဆင်မပြေနိုင်တဲ့အရာတွေအပေါ် “No”ပြောပေမယ့်လည်း တစ်ဖက်လူရဲ့ တုံ့ပြန်ပုံကိုကြည့်ပြီး Guilty ဖြစ်တာမျိုးကြုံဖူးကြပါသလား? များသောအားဖြင့် ကျွန်မတို့ဟာ ကိုယ်အဆင်ပြေတာရော၊ မပြေတာရောအပေါ် “𝗡𝗼” ပြောဖို့ တွန့်ဆုတ်မိတာတွေ၊ တစ်ဖက်လူကို ငြင်းဆိုရမှာ အားနာတာမျိုးတွေ ရှိတတ်ကြပါတယ်။ ကိုယ်ငြင်းလိုက်ရင် ကိုယ့်အပေါ် ငြိုငြင်သွားမလား၊ ကိုယ့်ကို စိတ်ခုသွားမှာလား၊ ကိုယ့်အပေါ် အမြင်ပြောင်းသွားမလား၊ ခင်မင်ရင်းနှီးမှုကို ထိခိုက်သွားနိုင်လား…စတဲ့စတဲ့ အရာတွေအပေါ် ကြိုတွေးရင်း ကိုယ်မလုပ်နိုင်တာတွေကိုတောင် “ရပါတယ်၊ အဆင်ပြေပါတယ်” ပြောပြီး ခေါင်းငြိမ့်မိကြတယ်။ ဒီလို စိတ်မပါတာတွေလုပ်မိတဲ့အတွက်လည်း အဆင်မပြေမှုကို တနုံ့နုံ့ ခံစားမိတတ်ပါသေးတယ်။ ဒီလို “𝗦𝗮𝘆𝗶𝗻𝗴 𝗡𝗼” မလုပ်နိုင်မှုအပေါ် ကိုယ့်ကိုကိုယ်အမှားတစ်ခုလိုမျိုး အပြစ်မတင်စေလိုပါဘူး။ အားနာတတ်တဲ့စိတ်၊ တစ်ဖက်လူအပေါ် တန်ဖိုးထားငဲ့ညှာတတ်တဲ့စိတ်ဟာ ကိုယ့်ရဲ့ စိတ်ရင်းကောင်းလေးတစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီစိတ်ရင်းလေးက ကိုယ့်ကို ပင်ပန်းနေစေပြီ၊ လေးလံနေစေပြီ၊ […]