ပြစ်တင်မှုတွေအကြား ကြီးပြင်းလာရတဲ့အခါ (Blaming)
ကျွန်မတို့တွေဟာ “အတိတ်ရဲ့ ပဲ့တင်သံတွေကို လက်ရှိအထိ သယ်ဆောင်လာတတ်ကြတယ်” တဲ့… ဒီပဲ့တင်သံတွေကြောင့်ပဲ တခါတရံမှာ ကိုယ့်ကိုကိုယ် လိုတာထက်ပိုပြီး အပြစ်တင်စိတ်တွေနဲ့ ဆက်ဆံမိ တတ်ကြတယ်။ ဒီပဲ့တင်သံတွေကို ဖြစ်ပေါ်လာစေတဲ့အတိတ်ဟာ ကျွန်မတို့အတွက် အရးကြီးတဲ့ အစိတ် အပိုင်းတစ်ခုပေါ့။ ဒီလိုဆိုရင် “ကိုယ်ရော ဒီပဲ့တင်သံတွေကို လက်ရှိအချိန်အထိ သယ်ဆောင်လာတဲ့သူများ ဖြစ်နေပြီလား” ပြန်ဆန်းစစ်ကြည့်ရအောင်ပါ။ အတိတ်ရဲ့ပဲ့တင်သံတွေဆိုရာမှာ ငယ်ရွယ်စဉ်ကလေးဘဝဆိုတာလည်း ပါဝင်နိုင်တာပေါ့။ ဒီလို ငယ်စဉ်အရွယ်တစ်ခုမှာ အပြစ်တင်မှုခံခဲ့ရတဲ့ ကလေးလေးတွေ ကြီးပြင်းလာကြတဲ့အခါ ဘာတွေကိုတွေ့ကြုံခံစားတတ်လဲဆိုရင်- တစ်ခုခုဆို သူတို့မှာ အပြစ်ရှိတယ်။ သူတို့မှာ အား နည်းချို့ယွင်းချက်တွေရှိတယ်.. သူတို့ကိုက အရာရာကို သူများတွေလို မှန်ကန် အောင် မလုပ်နိုင်တာပါ… သူတို့ဘာလုပ်လုပ် သူများနဲ့ယှဉ်ရင် ဉာဏ်မကောင်းဘူး၊ ထုံတယ်၊ ကောင်းအောင် မလုပ်နိုင်ဘူး… အသစ်အသစ်တွေကို ကြိုးစားကြည့်ဖို့ရာ […]