Image for Fight Flight Freeze Fawn by Healing with Andrea

Fight, Flight, Freeze, Fawn

Spread the love

𝗧𝗿𝗮𝘂𝗺𝗮 𝗥𝗲𝘀𝗽𝗼𝗻𝘀𝗲 လို့ အများအားဖြင့် ခေါ်ဝေါ်အသုံးပြုကြသလို အန္တရာယ်တွေရဲ့ရန်ကနေ မိမိကိုယ်ကို ကာကွယ်မှုပြုခြင်း လို့ ပြောနိုင်ပါတယ်။ အန္တရာယ်တစ်ခုခုကြုံလာချိန်မှာ ဖြစ်နေတဲ့အန္တရာယ်ရန်ကနေ လုံခြုံစေနိုင်ဖို့ တုံ့ပြန်တဲ့ Auto body response (သို့) survival mode ပဲ ဖြစ်ပါတယ်။ ဒါကို stress response လို့လည်း ပြောနိုင်သလို ရှေးဘိုးဘေးဘီဘင်တွေကတည်းက ကျွန်မတို့ဆီမှာ ပါလာပြီးသား 𝘀𝘂𝗿𝘃𝗶𝘃𝗮𝗹 𝗶𝗻𝘀𝘁𝗶𝗻𝗰𝘁 တစ်ခုဖြစ်တယ်။

အန္တရာယ်ကြုံနေတဲ့အချိန်တွေမှာဆို ဦးနှောက်ရဲ့ စဉ်စားတွေးခေါ်နိုင်မှုဆိုင်ရာအပိုင်းဟာ shut down လုပ်ခံလိုက်ရတယ်။ နောက် stress hormones ဖြစ်တဲ့ cortisol တွေ ထွက်ရှိတယ်။ ကြွက်သားတွေဆီ သွေးတွေ ပို့လွှတ်ရာမှတဆင့် body ကနေ ပြေးမှာလား “Flight” ၊ ပြန်တိုက်မှာလား “Fight” လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်တယ်။ အဲ့ဒီ့အချိန်မှာ နှလုံးခုန် မြန်တာ ၊ ချွေးပြန်တာတွေရှိသလို အန္တရာယ်ကနေ ကျော်လွန်ပြီးချိန်မှာတော့ nervous system ဟာ လုံခြုံတဲ့ အရင်အခြေအနေအတိုင်း restore ပြန်လုပ်ပေးလိုက်ပါတယ်။ 𝗥𝗲𝘀𝘁𝗼𝗿𝗮𝘁𝗶𝘃𝗲 𝗺𝗼𝗱𝗲 ကိုပေါ့။ ဒါပေမယ့် PTSD လို့ခေါ်တဲ့ စိတ်ဒဏ်ရာအလွန်ဖိစီးမှုဝေဒနာမှာတော့ safe ဖြစ်တဲ့ အခြေအနေကို မခံစားရပဲ stuck ဖြစ်နေတဲ့ သဘောပေါ့။ Brain and Body နှစ်ခုလုံးဟာ အန္တရာယ်အတွက် အမြဲ high alert ဖြစ်နေတာမျိုးပါ။

𝗛𝗶𝗴𝗵 𝗮𝗹𝗲𝗿𝘁 ဖြစ်နေရတဲ့ အကြောင်းအရင်းဆိုရာမှာ ကြုံဆုံခဲ့ရဖူးတဲ့ စိတ်ဒဏ်ရာတွေအပေါ် အခြေတည်ပြီး Trauma bain အားဖြင့် ကြည့်ရင် stress hormones ပိုထွက်တဲ့အခါ အဲ့ဒီ့အဖြစ်အပျက်ကို ဦးနှောက်က ပိုမို မှတ်မိနေတတ်ပြီး ပတ်ဝန်းကျင်ဟာ safe မဖြစ်ဘူးဆိုတဲ့အပေါ် “𝗹𝗲𝗮𝗿𝗻 𝗮𝗻𝗱 𝗮𝗱𝗮𝗽𝘁” လုပ်သွားတယ်။ နောင်ဖြစ်လာမယ့် အန္တရာယ်အတွက် ကိုယ့်ကို အမြဲ safe ဖြစ်စေနိုင်ဖို့နဲ့ ကာကွယ်ပေးနိုင်ဖို့ ဦးနှောက်ထဲမှာရှိတဲ့ 𝗮𝗺𝘆𝗴𝗱𝗮𝗹𝗮 ကအမြဲ sensitive and alert ဖြစ်နေတတ်ပါတယ်။ Trauma responses လို့ပြောတဲ့အခါ 𝗙𝗶𝗴𝗵𝘁, 𝗙𝗹𝗶𝗴𝗵𝘁, 𝗙𝗿𝗲𝗲𝘇𝗲 ကိုပဲ ကျွန်မတို့တွေ ပိုမိုရင်းနှီးတတ်ကြပြီး 𝗙𝗮𝘄𝗻 ဆိုတာ လည်း ရှိပါသေးတယ်။

ကုစားမှုခံယူမထားတဲ့ unhealed trauma တွေဟာ ဘဝတလျှောက် သက်ရောက်မှုတွေ အများကြီးရှိနေတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဒဏ်ရာရရှိခဲ့ရတဲ့ အတွေ့အကြုံတွေ မတူညီကြသလို စိတ်ဒဏ်ရာအပေါ် တုံ့ပြန်ပုံ “response” တွေဟာလည်း မတူညီကွဲပြားပါတယ်။ စိတ်ဖိစီးမှုအန္တရာယ်တွေကို တွေ့ကြုံရတဲ့အခါ မတူညီသော response တွေနဲ့အတူ အောက်ပါအတိုင်းတုံ့ပြန်တတ်ကြပါတယ်။

📌 𝗙𝗶𝗴𝗵𝘁

Fight ဆိုတဲ့အတိုင်း အခြေအနေတွေ၊ အဖြစ်အပျက်တွေအပေါ် ပြန်လည်ခုခံခြင်း၊ ထိပ်တိုက်ရင်ဆိုင်ခြင်းပေါ့။ ဒေါသတွေကြီးမယ်။ ပြိုင်ဆိုင်မှုတွေ ပြင်းထန်တတ်တယ်။ Defensiveness ကိုယ့်ကိုကိုယ် အရမ်းကာကွယ်ထားတတ်တယ်။ ငြင်းဆိုမှုတွေ ပြုလုပ်တတ်တယ်။ ထိန်းချုပ်နိုင်မှုကို ပိုဦးစားပေးတယ်။

📌 𝗙𝗹𝗶𝗴𝗵𝘁

Flight ကတော့ ထိပ်တိုက်မရင်ဆိုင်ပဲ ဝေးဝေးနေတာမျိုးပေါ့။ trigger ဖြစ်စေတဲ့ အခြေအနေနဲ့ လူတွေ (သို့) စိတ်ပင်ပန်း အဆင်မပြေဖြစ်စေတဲ့ အခြေအနေမျိုးတွေကို ရှောင်ရှားတာမျိုးပေါ့။ အန္တရာယ်ရှိတဲ့အခြေအနေတွေကြုံရင် physically ထွက်ပြေးတာ ဖြစ်နိုင်သလို၊ mentally အရ နာကျင်စရာတွေအပေါ်မှာလည်း ရှောင်ပုန်း၊ ဖိနှိပ်ထားတာမျိုးပေါ့။ ဒီရဲ့ အကျိုးဆက်ကတော့ အလုပ်ကိုပဲ ဖိလုပ်၊ အလုပ်ထဲပဲ စိတ်အပြည့်ထည့် ကြိုးစားအချိန်ကုန်နေတာမျိုး၊ အမြဲ busy ဖြစ်အောင် ကြိုးပမ်းနေတာမျိုး၊ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ရှောင်ရှားတာမျိုး၊ အာရုံပြောင်းနိုင်အောင် အမြဲ ကြိုးပမ်းနေတာမျိုးပေါ့။

📌 𝗙𝗿𝗲𝗲𝘇𝗲

ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ “temporary shut down” ဖြစ်တယ်လို့ အလွယ်ပြောနိုင်ပါတယ်။ Stuck (ပိတ်မိနေသလို) ဖြစ်တယ်ပေါ့။ အန္တရာယ်ကြုံဆုံရတဲ့အချိန်မှာ “Inaction” တုံ့ပြန်မှုမပြုတော့ပဲ ကြက်သေသေသွားတဲ့သဘော.. ဒီအပေါ် တချို့တွေက “played dead” သေချင်ယောင်ဆောင်တဲ့သဘော တင်စားတတ်ကြတယ်။ “ပိတ်မိ / တုံ့ပြန်မှုမရှိ” စတာတွေကြောင့်ပဲ emotional numbness ခံစားမှုမရှိ၊ ထုံကျင်သလို ဖြစ်နေတာတွေနဲ့ dissociation လို့ခေါ်တဲ့ ကိုယ်နဲ့ အတွေးတွေကြား သီးခြားစီလို ၊ ကိုယ်နဲ့ ပတ်ဝန်းကျင်ကြား သီးခြားစီလိုမျိုး ဖြစ်နေတတ်တယ်။

📌 𝗙𝗮𝘄𝗻

နောက်ဆုံးတစ်ခု 𝗙𝗮𝘄𝗻 ကတော့ တော်တော်များများ သိပ်ဆွေးနွေးလေ့မရှိတဲ့ response တစ်ခုပါပဲ။ Threat လို့ခေါ်တဲ့ ခြိမ်းခြောက်အန္တရာယ်ပြုလာနိုင်တဲ့ အခြေအနေတွေအပေါ် (သို့) aggressor လို့ခေါ်တဲ့ ရန်ပြုတိုက်ခိုက်လာတဲ့အရာတွေအပေါ် ပြေလျော့ အဆင်ပြေစေဖို့ ကြိုးပမ်းတာမျိုးပါ။

အလွယ်ပြောရင် နာကျင်မှုတွေ၊ အဆင်မပြေမှုတွေ ရှောင်ရှားနိုင်ဖို့အတွက် pleasing စိတ်ကျေနပ်အောင်၊ နှစ်သက်အောင် ကြိုးပမ်းတာမျိုးပေါ့။

Fawn response ရဲ့ အကျိုးဆက်တွေကတော့ အပေါ်မှာရှင်းပြခဲ့သလို people pleasing လုပ်တာ၊ စစ်မှန်တဲ့ identity ပျောက်ဆုံးနေပြီး အများအကြိုက် လိုက်လျောနေတာ၊ boundary မထားနိုင်တာ၊ အများသူထံကနေ အသိအမှတ်ပြုမှု ၊ လက်ခံမှုကို ရယူတာမျိုးတွေ ဖြစ်ပါတယ်။

ဒါတွေကတော့ Trauma response လို့ပြောနိုင်တဲ့ တုံပြန်မှုဆိုင်ရာ အပြုအမူတွေပဲ ဖြစ်ပါတယ်။ စိတ်ဖိစီးစရာ အခြေအနေတွေနဲ့ အန္တရာယ်တွေတွေ့ကြုံရတဲ့အခါ ကိုယ်ဘယ်လို တုံ့ပြန်မှုပြုတတ်လဲဆိုတာအပေါ် ကိုယ်တိုင်ဆန်းစစ်သတိပြုရင်း healthy မဖြစ်တဲ့ အပြုအမူတွေအစား ကိုယ်နဲ့လည်းသင့်လျော်၊ healthy လည်း ဖြစ်တဲ့ coping skills တွေကို ပြောင်းလဲအသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ထို့အတူ ကိုယ့်မှာ ရှိနေတဲ့ စိတ်ဒဏ်ရာအပေါ်မှာလည်း မှန်ကန်သောနည်းလမ်းတွေနဲ့အတူ စနစ်တကျ ကုစားမှု ပြုနိုင်ပါစေလို့ ဆန္ဒပြုရင်း အဆုံးသတ်လိုက်ပါတယ်။

Healing with Andrea

(6-Nov-2023)

#fightflightfreeze#traumaresponse#stressresponse#survivalinstinct#trauma#anxiety#stress


အခြား ဖတ်စရာများ 


Spread the love