Andrea

Collaboration with Citta Image

Exciting News: Healing with Andrea Partners with Citta Consultancy – Psychological Services

We are thrilled to announce a new partnership between “Healing with Andrea” and “Citta Consultancy – Psychological Services“. This collaboration is specifically aimed at enhancing access to face-to-face counseling services for our clients in the Mandalay region. What This Partnership Means for Clients in Mandalay: In-Person Referrals: If any of our clients request face-to-face counseling […]

Exciting News: Healing with Andrea Partners with Citta Consultancy – Psychological Services Read More »

Exciting Collaboration Caltha x Healing with Andrea

Exciting Collaboration Announcement: Healing with Andrea and Caltha Wellness

We are thrilled to announce a new and exciting collaboration between “Healing with Andrea” and “Caltha Wellness“! This partnership marks a significant step forward in our shared mission to enhance mental health and well-being support for women and children in Myanmar. Shared Goals and Vision At Healing with Andrea, our primary focus has always been

Exciting Collaboration Announcement: Healing with Andrea and Caltha Wellness Read More »

Neglect Article Cover Photo

လျစ်လျူရှုမှုများရဲ့ အလွန်… (Neglect)

လျစ်လျူရှုခြင်းဆိုရာမှာ “Physical Neglect” ရုပ်ပိုင်းဆိုင်ရာအားဖြင့် လျစ်လျူရှုတာဖြစ်နိုင်သလို၊ “Emotional Neglect” ခံစားမှုအားဖြင့် လျစ်လျူရှုတာလည်း ဖြစ်နိုင်ပါတယ်။ အခုအကြာင်းအရာကတော့ ငယ်ဘဝကိုအခြေခံတဲ့ လျစ်လျူရှုခံခဲ့ရသူတွေအကြောင်းပဲ ဖြစ်ပြီး ဒီလိုကလေးလေးတွေ ကြီးပြင်းလာတဲ့အခါ ဘဝတလျှောက် ဘာတွေခံစားရနိုင်လဲအပေါ် ရေးသားခြင်းပဲဖြစ်ပါတယ်။ 📌 Physical Neglect ဆိုတာ ဘယ်လိုမျိုးလဲ? ကလေးတစ်ယောက်အတွက်ဆိုရင် အစားအသာက်၊ အဝတ်အစား၊ ပညာရေး၊ ကျန်းမာရေး၊ စနစ်တကျစောင့်ရှောက်အုပ်ထိန်းမှု စတာတွေဟာ ကလေးတစ်ယောက်လိုအပ်တဲ့ အခြေခံလိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေကို အနီးကပ်စောင့်ရှောက် သူတွေဆီက မရရှိခဲ့တာမျိုး၊ ဖြည့်ဆည်းပေးမခံရတာမျိုး၊ ဂရုစိုက်မခံရတာမျိုးကို ရုပ်ပိုင်းဆိုင်ရာအားဖြင့် လျစ်လျူရှုခံခဲ့ရတယ်လို့ ဆိုလိုပါတယ်။  📝ဥပမာ -ကျောင်းနေချိန် ကျောင်းထားမပေးနိုင်တာ၊ နေမကောင်းချိန်မှာ ဂရုစိုက်မပေးနိုင်တာ၊  ဗိုက်ဆာချိန်မှာ အစားမကျွေးတာ စသဖြင့် ဒီလို လိုအပ်ချက်တွေကို ဆိုလိုပါတယ်။ 📌 Emotional

လျစ်လျူရှုမှုများရဲ့ အလွန်… (Neglect) Read More »

Shoes doesn't fit you Article Image

If shoes doesn’t fit you

“If shoes doesn’t fit you, don’t blame your feet. You just go to find one that does.” မတော်တဲ့ဖိနပ်ကို စီးမိတဲ့အခါ ကျွန်မတို့ပြောတတ်တဲ့အရာက ဘာဖြစ်မလဲ ? “ငါ့ခြေထောက်က ကြီးလိုက်တာ… ငါ့ခြေထောက် က ဒီဖိနပ်နဲ့ အဆင်မပြေဘူး..” စသဖြင့် ပြောမိတတ်ကြမယ်ထင်တယ်။ များသောအားဖြင့်တော့ ကိုယ့်ခြေထောက်ကိုကိုယ် အပြစ်မြင်တတ်ကြတာ များပါတယ်။ ထို့နည်းတူပါပဲ။ ဘဝမှာ အဆင်မပြေမှုကြုံတိုင်း ကျွန်မတို့တွေ အရင်ဆုံး အားမလိုအားမရဖြစ်ရင်း အပြစ်တင်မိတတ်တာက ကိုယ့်ကိုကိုယ် အရင်ဦးဆုံး ဖြစ်နိုင်ပါတယ်။ ဘာလို့ ငါ့မှ ဒီလိုမျိုးတွေကြုံရတာလဲ? ငါ့အခြေအနေကိုက သူများနဲ့ မတူပဲ ကံဆိုးနေတာပါ။ ဘယ်လောက်ကြိုးစားကြိုးစား ဘာမှ အဆင်မပြေဘူး.. စသဖြင့်ပေါ့။

If shoes doesn’t fit you Read More »

blaming cover image by Healing with Andrea

ပြစ်တင်မှုတွေအကြား ကြီးပြင်းလာရတဲ့အခါ (Blaming)

ကျွန်မတို့တွေဟာ “အတိတ်ရဲ့ ပဲ့တင်သံတွေကို လက်ရှိအထိ သယ်ဆောင်လာတတ်ကြတယ်” တဲ့… ဒီပဲ့တင်သံတွေကြောင့်ပဲ တခါတရံမှာ ကိုယ့်ကိုကိုယ် လိုတာထက်ပိုပြီး အပြစ်တင်စိတ်တွေနဲ့ ဆက်ဆံမိ တတ်ကြတယ်။ ဒီပဲ့တင်သံတွေကို ဖြစ်ပေါ်လာစေတဲ့အတိတ်ဟာ ကျွန်မတို့အတွက် အရးကြီးတဲ့ အစိတ် အပိုင်းတစ်ခုပေါ့။ ဒီလိုဆိုရင် “ကိုယ်‌ရော ဒီပဲ့တင်သံတွေကို လက်ရှိအချိန်အထိ သယ်ဆောင်လာတဲ့သူများ ဖြစ်နေပြီလား” ပြန်ဆန်းစစ်ကြည့်ရအောင်ပါ။ အတိတ်ရဲ့ပဲ့တင်သံတွေဆိုရာမှာ ငယ်ရွယ်စဉ်ကလေးဘဝဆိုတာလည်း ပါဝင်နိုင်တာပေါ့။ ဒီလို ငယ်စဉ်အရွယ်တစ်ခုမှာ အပြစ်တင်မှုခံခဲ့ရတဲ့ ကလေးလေးတွေ ကြီးပြင်းလာကြတဲ့အခါ ဘာတွေကိုတွေ့ကြုံခံစားတတ်လဲဆိုရင်- တစ်ခုခုဆို သူတို့မှာ အပြစ်ရှိတယ်။ သူတို့မှာ အား နည်းချို့ယွင်းချက်တွေရှိတယ်.. သူတို့ကိုက အရာရာကို သူများတွေလို မှန်ကန် အောင် မလုပ်နိုင်တာပါ… သူတို့ဘာလုပ်လုပ် သူများနဲ့ယှဉ်ရင် ဉာဏ်မကောင်းဘူး၊ ထုံတယ်၊ ကောင်းအောင် မလုပ်နိုင်ဘူး… အသစ်အသစ်တွေကို ကြိုးစားကြည့်ဖို့ရာ

ပြစ်တင်မှုတွေအကြား ကြီးပြင်းလာရတဲ့အခါ (Blaming) Read More »

Image for Saying No by Healing with Andrea

“No” ပြောခဲ့ပေမယ့် “Guilty” ဖြစ်မိတယ်…

ကိုယ်အဆင်မပြေနိုင်တဲ့အရာတွေအပေါ် “No”ပြောပေမယ့်လည်း တစ်ဖက်လူရဲ့ တုံ့ပြန်ပုံကိုကြည့်ပြီး Guilty ဖြစ်တာမျိုးကြုံဖူးကြပါသလား? များသောအားဖြင့် ကျွန်မတို့ဟာ ကိုယ်အဆင်ပြေတာရော၊ မပြေတာရောအပေါ် “𝗡𝗼” ပြောဖို့ တွန့်ဆုတ်မိတာတွေ၊ တစ်ဖက်လူကို ငြင်းဆိုရမှာ အားနာတာမျိုးတွေ ရှိတတ်ကြပါတယ်။ ကိုယ်ငြင်းလိုက်ရင် ကိုယ့်အပေါ်  ငြိုငြင်သွားမလား၊ ကိုယ့်ကို စိတ်ခုသွားမှာလား၊ ကိုယ့်အပေါ် အမြင်ပြောင်းသွားမလား၊ ခင်မင်ရင်းနှီးမှုကို ထိခိုက်သွားနိုင်လား…စတဲ့စတဲ့ အရာတွေအပေါ် ကြိုတွေးရင်း ကိုယ်မလုပ်နိုင်တာတွေကိုတောင် “ရပါတယ်၊ အဆင်ပြေပါတယ်” ပြောပြီး ခေါင်းငြိမ့်မိကြတယ်။ ဒီလို စိတ်မပါတာတွေလုပ်မိတဲ့အတွက်လည်း အဆင်မပြေမှုကို တနုံ့နုံ့ ခံစားမိတတ်ပါသေးတယ်။  ဒီလို “𝗦𝗮𝘆𝗶𝗻𝗴 𝗡𝗼” မလုပ်နိုင်မှုအပေါ် ကိုယ့်ကိုကိုယ်အမှားတစ်ခုလိုမျိုး အပြစ်မတင်စေလိုပါဘူး။ အားနာတတ်တဲ့စိတ်၊ တစ်ဖက်လူအပေါ် တန်ဖိုးထားငဲ့ညှာတတ်တဲ့စိတ်ဟာ ကိုယ့်ရဲ့ စိတ်ရင်းကောင်းလေးတစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီစိတ်ရင်းလေးက ကိုယ့်ကို ပင်ပန်းနေစေပြီ၊ လေးလံနေစေပြီ၊

“No” ပြောခဲ့ပေမယ့် “Guilty” ဖြစ်မိတယ်… Read More »

Image for Two Wolves Within by Healing with Andrea

Two Wolves Within

“ကျွန်မတို့ရဲ့ စိတ်အတွင်းထဲမှာ ဝံပုလွေနှစ်ကောင်ရှိတယ်” လို့ လူတွေရဲ့စိတ်အပေါ် တင်စားခိုင်းနှိုင်းတတ်ကြပါတယ်။ ဒီဝံပုလွေနှစ်ကောင်ဟာ လက်ရှိကျွန်မတို့ရဲ့ အတွင်းစိတ်နဲ့ ဆက်စပ်ထင်ဟပ်တဲ့အပြုအမူတွေအပေါ် ထိန်းချုပ်ပုံဖော်နိုင်ဖို့ အမြဲလိုလို “Conflict” ပဋိပက္ခတွေ ဖြစ်နေတတ်တယ်။ တစ်ကောင်က အန္တရာယ်ပေးမှုနဲ့ ပျက်စီးခြင်းကို ကိုယ်စားပြုပြီး လူတွေနဲ့ အမုန်းပွားစေတဲ့ လုပ်ရပ်၊ အတွေးအမြင်တွေဘက်ကို ကိုယ်စားပြုတယ်။ ဒေါသ၊ ဣဿာမစ္ဆရိယ၊ နောင်တ၊ လောဘ၊ မောက်မာမှု၊ ကိုယ်ကျိုးရှာတတ်မှု ၊ နာကြည်းမှု၊ သိမ်ငယ်မှုနဲ့ မာနတရားတွေကို ကိုယ်စားပြုနေတဲ့ အကောင်ပေါ့။ အခြားတစ်ကောင်ကတော့ မေတ္တာ၊ ကရုဏာတရား လက်ကိုင်ထားတတ်တယ်။ ချစ်ခြင်းမေတ္တာတရား၊ စာနာနားလည်မှု၊ အေးချမ်းမှု၊ နှိမ့်ချတတ်မှု၊ ကြင်နာမှု၊ ယုံကြည်မှု စတဲ့ ကောင်းသောအရည်အသွေးတွေဘက်ကို ကိုယ်စားပြုတယ်။ ဒီအကောင်း၊ အဆိုးနှစ်ကောင်ဟာ အမြဲမပြတ် အားပြိုင်နေတယ်။ အားကြီးတဲ့အကောင်က အနိုင်ရတာပေါ့။

Two Wolves Within Read More »

Image for Forgiveness by Healing with Andrea

ခွင့်လွှတ်ခြင်း (Forgiveness)

“Forgiveness” ကျွန်မတို့ကို နာကျင်အောင်လုပ်ခဲ့သူတွေကို ခွင့်လွှတ်ဖို့ ကြိုးစားကြည့်ဖူးလား ကြိုးစားကြည့်ဖူးလား ဆိုတဲ့စကားထက် စဉ်းစားကြည့်ဖူးလား ဆိုတဲ့ စကားကတောင် ကျွန်မတို့နဲ့ ပိုနီးစပ်နိုင်မယ်ထင်မိတယ်။ ဒီလို ကျွန်မတို့ကို နာကျင်အောင် လုပ်ခဲ့တဲ့သူတွေထဲမှာ တစိမ်းတွေလည်း ပါဝင်နေနိုင်သလို မိသားစုဝင်လို့ သတ်မှတ်နိုင်သူတွေလည်း ပါကောင်းပါနိုင်ပါတယ်။ သိုက်သိုက်ဝန်းဝန်းရှိရမယ့်မိသားစုလေးကို ပြိုပျက်မယ့်လမ်း ရွေးချယ်သွားသူတွေ၊ ကိုယ်ပေးအပ်ထားတဲ့ တန်ဖိုးတွေနဲ့ စစ်မှန်မှုတွေကို နင်းချေသစ္စာမဲ့သွားသူတွေ၊ ပေးဆပ်မှုနဲ့မတန်အောင် နာကျင်စေသူတွေနဲ့ ကိုယ့်ရဲ့ကမ္ဘာလေးကို ဖြိုဖျက်ကြားဝင်သွားသူတွေ..စသဖြင့် ရှိနိုင်တာပေါ့လေ။ နာကျင်မှုကနေရရှိလာတဲ့ ဝမ်းနည်းမှုတွေ၊ အများကြား (သို့) ပတ်ဝန်းကျင်မှာ ဖြတ်ကျော်ရတဲ့ အခက်အခဲတွေ၊ သိမ်ငယ်မှုတွေ၊ မျှော်လင့်ချက်ကင်းမဲ့မှုတွေနဲ့ အထီးကျန်မှုတွေကြောင့် ဒဏ်ရာနဲ့အတူ ဒေါသတွေနဲ့ နာကြည်းမှုတွေလည်း ကပ်ပါလာခဲ့တယ်။ ကိုယ်ရုန်းကန်ဖြတ်သန်းခဲ့ရတဲ့ အခြေအနေနဲ့ ခံစားမှုပမာဏအပေါ်မူတည်ပြီး ခွင့်မလွှတ်နိုင်မှုအတိုင်းအတာကလည်း ပိုမြင့်မားနိုင်တာပေါ့။ ဒါ့ကြောင့် ခွင့်လွှတ်ခြင်းဆိုတဲ့စကားဟာ နာကျင်စွာပေးဆပ်ခဲ့ရသူတွေအတွက်တော့

ခွင့်လွှတ်ခြင်း (Forgiveness) Read More »

Image for Self Compassion by Healing with Andrea

Self-Compassion

မိမိကိုယ်ကို ကရုဏာတရားထားရှိခြင်း ကရုဏာတရားအကြောင်းပြောရင် ဆန့်ကျင်ဘက်ဖြစ်တဲ့ 𝗡𝗲𝗴𝗮𝘁𝗶𝘃𝗲 𝗦𝗲𝗹𝗳-𝗧𝗮𝗹𝗸 အကြောင်းကတော့ မပါမဖြစ် ပါဝင်တာပေါ့။“𝗡𝗲𝗴𝗮𝘁𝗶𝘃𝗲” အပြုသဘောမဖြစ်တဲ့ “𝗦𝗲𝗹𝗳-𝗧𝗮𝗹𝗸” မိမိကိုယ်ကို ပြောဆိုခြင်းဆိုရာမှာ – ငါအသုံးမကျလိုက်တာ၊ ငါဒီလောက်တောင် တုံးအ ရသလား၊ အခုမှ နေမကောင်းဖြစ်ရလား၊ ကျန်းမာရေးကလည်း ချူချာလိုက်တာ၊ ဘယ်တော့မှ မကောင်းဘူး၊ ဒါလေးတောင် မလုပ်နိုင်ဘူးလား၊ ငါကိုက ကံမကောင်းတာလေ၊ ငါရဲ့ ပေါင်းသင်းဆက်ဆံရေးက ညံ့လိုက်တာ၊ ငါ တော်တော် အဖြစ်မရှိပါလား၊ ငါကိုက စိတ်ဓာတ်ပျော့ညံ့တာပါ၊ ဒါတွေအကုန် ငါ့အမှားတွေပါ… စသဖြင့် အများကြီးပဲပေါ့လေ။ တခြားသူကို ပြောရင်တောင် နာကျင်ဝမ်းနည်းစေမယ့် စကားလုံးတွေကို ကိုယ့်ကိုကိုယ် အမှားလုပ်မိတိုင်း၊ စိတ်မကျေနပ်တိုင်း ဝေဖန်မှုတွေ ပေါပေါသီသီကြီးနဲ့ ပြောဆိုနေခဲ့လိုက်တာဆိုတာ တစ်ဘဝလုံးပဲ။ ဒီအပေါ် “𝗯𝗲𝗮𝘁𝗶𝗻𝗴 𝘆𝗼𝘂𝗿𝘀𝗲𝗹𝗳” လို့

Self-Compassion Read More »

image for Explicit and Implicit Memory by Healing with Andrea

The Truth About Explicit vs Implicit Memory

Explicit Memory– သိစိတ် (Consious) နဲ့အတူ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အချက်အလက်တွေ၊ သင်ယူမှတ်သားခဲ့တဲ့အရာတွေအပေါ် သတိရှိရှိ အလုပ်လုပ်တယ်။ သူ့ကို Declarative Memory လို့လည်း ခေါ်ပါသေးတယ်။) Explicit ကို ဥပမာပေးရင် သင်္ချာတွက်ခြင်းလိုပေါ့။ Implicit Memory– မသိစိတ် (Unconscious) ကနေ အလုပ်လုပ်တယ်။ အလိုအလျောက်ဖြစ်တယ်။ အခုကျွန်မ ကွန်ပျူတာရိုက်နေတယ်။ စကားလုံးတွေကို သေသေချာချာလေး တစ်လုံးချင်းစီ ကြည့်ယူပြီး ရိုက်နေတာမဟုတ်ဘူး။ အလိုအလျောက် Body က ဖြစ်နေတယ်။ နောက် စက်ဘီးစီးတာလည်း ထို့နည်းတူပဲ။ မသိစိတ်ကနေမှတ်ထားပြီး ပြန်လည်စဉ်းစားစရာမလိုပဲ အသုံးချနိုင်တဲ့ မှတ်ဉာဏ်ဖြစ်တယ်။ Implicit memory မှာ စိတ်ခံစားချက် (Emotions & Feelings)၊ ပုံရိပ် ( images)

The Truth About Explicit vs Implicit Memory Read More »