Break the Cycle ဒီပုံလေးက အချက်နှစ်ချက်ကို တပြိုင်တည်း သတိရမိစေတယ်။
𝗜𝗻𝘁𝗲𝗿𝗴𝗲𝗻𝗲𝗿𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗧𝗿𝗮𝘂𝗺𝗮
𝗕𝗿𝗲𝗮𝗸 𝘁𝗵𝗲 𝗖𝘆𝗰𝗹𝗲
𝗜𝗻𝘁𝗲𝗿𝗴𝗲𝗻𝗲𝗿𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗧𝗿𝗮𝘂𝗺𝗮 ဆိုရာမှာ Traumatic Experience ကို “originated” အစပျိုး ဖြစ်ပေါ်ခံစားခဲ့ရတဲ့သူကနေတဆင့် generation လိုက်အတိုင်း ထပ်ဆင့် transfer လုပ်၊ အမွေပေးသွားသလိုပေါ့။ အဘွားကနေအမေဆီ၊ အမေကနေသူမွေးတဲ့ သားသမီးဆီ… စသဖြင့်ပေါ့။
ဥပမာပေးရရင် အိမ်တွင်းအကြမ်းဖက်မှု (Domestic Violence) ကို ကြိမ်ဖန်တလဲလဲ မြင်တွေ့ခဲ့ရတဲ့ ကလေးတစ်ဦးဟာ စိတ်ဒဏ်ရာခံစားရမယ်။ ဒီလိုခံစားရရှိသွားခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် နောက်ပိုင်း သူကြုံတွေ့ရင်ဆိုင်ရမယ့် relationship တွေမှာ သူဘယ်လိုပြုမူမှာလဲ? သူမွေးလာတဲ့ကလေးတွေအပေါ် ဘယ်လိုပုံစံ ဆက်ဆံသွားမှာလဲ? စတဲ့အပေါ် လွှမ်းမိုးသက်ရောက်မှု ပါသွားနိုင်တယ်။
နောက်တစ်ခု 𝗕𝗿𝗲𝗮𝗸 𝘁𝗵𝗲 𝗖𝘆𝗰𝗹𝗲 ဆိုတာကတော့ ဒီအရာတွေကို ကိုယ့်အလှည့်မှာ ရပ်တန့်ပစ်နိုင်သွားတာကိုပေါ့။ ကိုယ်က သတိထားမိပြီး ကိုယ့်ကိုကိုယ် သတိရှိမှု ၊ဆင်ခြင်မှုနဲ့အတူ manage လုပ်နိုင်တာသော်လည်းကောင်း၊ လိုအပ်တဲ့ အကူအညီနဲ့ ဖြေရှင်းနိုင်သွားတာသော်လည်းကောင်း ထပ်တူညီသော ပုံစံအတိုင်း လက်ဆင့်ကမ်းနေတဲ့ စိတ်ဒဏ်ရာရဲ့ သံသရာကို ရပ်တန့််ပစ်လိုက်တာမျိုးပေါ့။
ဒီပုံလေးဟာ Trauma ကို highlight လုပ်ထားတာမဟုတ်နိုင်ပေမယ့် ဒီအယူအဆအတိုင်းဆိုရင် အဘွားရဲ့ အပြုအမူဟာ အမေကို သက်ရောက်ပြီး “learnt behaviors” အရ အမေရဲ့အပြုအမူဟာ သားသမီးကို သက်ရောက်တယ်။ သားသမီးအလှည့်မှာတော့ စည်းခြားပစ်လိုက်ပြီး သူမွေးတဲ့ကလေးလေးအပေါ် ထပ်တူညီသော အပြုအမူကို ရပ်တန့် ပြောင်းလဲပစ်ခဲ့တယ်။
![]()
နောက်ဆုံးပုံအရ မိခင်ရဲ့ ကောင်းမွန်သော စကား၊ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုတွေကြောင့် ချစ်ခြင်းမေတ္တာကိုရရှိသွားတဲ့ ကလေးလေးရဲ့ တုံ့ပြန်မှုဟာ လှပတဲ့အရာလေး ဖြစ်နေခဲ့ပါတယ်။
#trauma#intergenerationaltrauma#breakthecycle#mentalwellbeing
အခြား ဖတ်စရာများ –
- Fight Flight Freeze Fawn
- “Explicit Memory“ Vs “Implicit Memory”
- Two Wolves Within
- “No” ပြောခဲ့ပေမယ့် “Guilty” ဖြစ်မိတယ်…
