“If shoes doesn’t fit you, don’t blame your feet. You just go to find one that does.”
မတော်တဲ့ဖိနပ်ကို စီးမိတဲ့အခါ ကျွန်မတို့ပြောတတ်တဲ့အရာက ဘာဖြစ်မလဲ ?
“ငါ့ခြေထောက်က ကြီးလိုက်တာ… ငါ့ခြေထောက် က ဒီဖိနပ်နဲ့ အဆင်မပြေဘူး..” စသဖြင့် ပြောမိတတ်ကြမယ်ထင်တယ်။ များသောအားဖြင့်တော့ ကိုယ့်ခြေထောက်ကိုကိုယ် အပြစ်မြင်တတ်ကြတာ များပါတယ်။
ထို့နည်းတူပါပဲ။ ဘဝမှာ အဆင်မပြေမှုကြုံတိုင်း ကျွန်မတို့တွေ အရင်ဆုံး အားမလိုအားမရဖြစ်ရင်း အပြစ်တင်မိတတ်တာက ကိုယ့်ကိုကိုယ် အရင်ဦးဆုံး ဖြစ်နိုင်ပါတယ်။
ဘာလို့ ငါ့မှ ဒီလိုမျိုးတွေကြုံရတာလဲ?
ငါ့အခြေအနေကိုက သူများနဲ့ မတူပဲ ကံဆိုးနေတာပါ။
ဘယ်လောက်ကြိုးစားကြိုးစား ဘာမှ အဆင်မပြေဘူး.. စသဖြင့်ပေါ့။ ဖိနပ်စီးတဲ့ ဥပမာနဲ့ ပေးရင် “ငါ့ခြေထောက်က ကြီးနေတာပါ။ ငါ့ခြေထောက်က သေးနေတာပါ” ဒီသဘောတရားမျိုးလိုပေါ့။
“ မတော်တဲ့ဖိနပ်ကို စီးမိတဲ့အခါ ကိုယ့်ခြေထောက် ကို အပြစ်မတင်ပါနဲ့။ အဲ့ဒီအစား တော်တဲ့ဖိိနပ်ကို သွားရှာပါ။”
ဒီ စာသားလေးလိုပဲ ကိုယ်နဲ့မတော်တဲ့ ဖိနပ်ကို စီးမိတဲ့အခါ ကိုယ့်ခြေထောက်ကို ဦးဆုံးအပြင်မြင်မိတာထက် ကိုယ်နဲ့ တော်တဲ့ဖိနပ်ကို ကြိုးစား၊ ရှာဖွေ၊ ရွေးချယ်ကြည့်တာဟာ ကိုယ်လုပ်ဆောင်နိုင်သေးတဲ့အရာပါ။
ကိုယ့်အတွက် အဆင်ပြေမယ်။ comfort ဖြစ်မယ်။ တော်မယ်။ ကိုက်ညီမယ်ဆိုတဲ့ဖိနပ်ကို ရှာဖွေရွေးချယ်ယူရင်း အဆင်ပြေတဲ့ဖိနပ်နဲ့အတူ လျှောက်လှမ်းလိုတဲ့ ခြေလှမ်းတိုင်းကို ပုံဖော်ယူသွားခြင်းဟာ ကိုယ့်ရဲ့ control အောက်မှာပဲ ရှိနေပါတယ်။
ဒီလိုပါပဲ ဘဝမှာ အဆင်မပြေတဲ့အခြေအနေတွေကြုံလာရင်လည်း ကိုယ်ထိန်းချုပ်လို့မရတဲ့အခြေအနေတွေအပေါ် ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်ရင်း ဝမ်းနည်းသိမ်ငယ်မှုတွေနဲ့ ဖြတ်သန်းနေရတတ်ပါတယ်။ ဒါဟာ သဘဘာဝကျတယ်။ စိုးရိမ်ပူပန်စရာ ကောင်းတယ်။ ကျွန်မတို့ကို လမ်းပျောက်စေတယ်ပေါ့။
ဒီလိုဝမ်းနည်းအဆင်မပြေမှုတွေများလာတဲ့အခါ လုပ်ဆောင်သင့်တဲ့အရာတွေကိုပါ လျစ်လျူရှုမိနိုင်တဲ့အခြေအနေတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါ့ကြောင့်
ဒီအချိန်အတောအတွင်းမှာ ဘာတွေက ငါ့စိတ်ကို အကူအညီပေးနိုင်လဲ?
တည်ငြိမ်မှုကို အားယူရင်း ငါ ဘာလုပ်နိုင်သေးလဲ?၊
ဘာအတွေ့အကြုံတွေယူနိုင်လဲ?
လေ့လာမှုတွေဘာဆက်လုပ်ရင်း ကိုယ့်အတွက် ဘာတွေကိုထပ်ဖြည့်လို့ရနိုင်လဲ?
ဘာတွေပြင်ဆင်ထားနိုင်လဲ? စသဖြင့် ဒီအရာတွေကတော့ ကိုယ့်ရဲ့လုပ်နိုင်စွမ်း/ ထိန်းချုပ်နိုင်စွမ်းအောက်မှာ ရှိနေသေးတယ်ဆိုတာကို သတိရမိစေချင်ပါတယ်။
ဖိနပ်ဥပမာလေးလိုပဲ…
မတော်တဲ့ဖိနပ်နဲ့တွေ့တဲ့အခါ ခြေထောက်ကို အပြစ်မတင်ပဲ တော်တဲ့ဖိနပ်ကို ရှာဖွေရွေးချယ်ယူကြည့်ပါ။ ထို့အတူ အဆင်မပြေတဲ့အခြေအနေတွေကြုံလာခဲ့တဲ့အခါ မိမိကိုယ်ကို အားငယ်အပြစ်တင်မိနေတာထက် ကိုယ့်စိတ်ကို တည်ငြိမ်အဆင်ပြေစေမယ့်နည်းလမ်းတွေရဲ့ အထောက်အပံ့ကို အားပြုကြိုးစားကြည့်ပါ။ လက်ရှိကိုယ်လုပ်ဆောင်နိုင်သေးတဲ့အရာ၊ ပြင်ဆင်နိုင်သေးတဲ့အရာ၊ ဖြည့်ဆည်းနိုင်သေးတဲ့အရာတွေကို လုပ်ဆောင်ရင်း ဘဝရဲ့ အဆိုး အကောင်းတွေအပေါ် ကိုယ့်ရဲ့ အားသာချက်တွေနဲ့အတူ ကိုင်တွယ်ရင်ဆိုင်သွားနိုင်စေဖို့ ဒီစာလေးကို ရေးသားလိုက်ရပါတယ်။
-Andrea (Healing with Andrea)
(12-Mar-2024)
#andreamyanmar#healingwithandrea#FreeCounseling#freecounselingsession#mentalhealthawareness#mentalhealth#blame
အခြား ဖတ်စရာများ –
- Self-Compassion
- “Explicit Memory” Vs “Implicit Memory”
- ခွင့်လွှတ်ခြင်း
- “No” ပြောခဲ့ပေမယ့် “Guilty” ဖြစ်မိတယ်…