One Step at a Time By Healing with Andrea

Focus One Step at a Time to reach your Goal

Spread the love

“One Step at a Time” ကျွန်မဒီစကားလုံးလေးကို သတိထားမိတာက နာမည်ကြီး အမေရိကန် စိတ်ကုထုံးပညာရှင် တစ်ဦးထံကပါ။ ဘဝမှာ အဆင်မပြေမှုတွေရင်ဆိုင်ခဲ့ရတဲ့အချိန်တစ်ခုမှာ လက်ရှိလှမ်းနေတဲ့ ခြေလှမ်းတစ်လှမ်းချင်းစီရဲ့ ခွန်အားကိုယူရင်း ရှေ့ဆက်လှမ်းခဲ့တယ်ဆိုတဲ့ အကြောင်းလေးကို ပြောပြထားရင်းကနေ သတိထားမိခဲ့တာပါ။

အဆင်မပြေမှုဆိုရာမှာ ကိုယ်ထင်မှတ်မထားတဲ့အချိန်၊ မျှော်လင့်မထားတဲ့လူတွေနဲ့ အခြေအနေတွေကြောင့်လည်း လှုပ်ရှားပြင်ဆင်ချိန်မရအောင် ကိုယ့်ဆီ အတင်းတိုးဝင်လာတတ်ပါတယ်။ ဒီလို မဖိတ်ခေါ်ပဲ ရုတ်တရက်ကိုယ့်ဆီရောက်လာတဲ့ အဆင်မပြေမှုတွေကို နားလည်နိုင်ဖို့၊ လက်ခံနိုင်ဖို့ထက် များသောအားဖြင့် တုံ့ပြန်မိတတ်ကြတာက 𝗗𝗲𝗻𝗶𝗮𝗹 ( ငြင်းဆိုမှု) တွေနဲ့ 𝗦𝗵𝗼𝗰𝗸 (အံ့ဩမှင်သက်မှု) တွေပဲဖြစ်တယ်။ ဒါဟာ ပုံမှန်မဟုတ်တော့ပဲ ရုတ်တရက်ပြောင်းလဲသွားတဲ့ စိတ်ဖိစီးစရာအခြေအနေတွေအပေါ် ကျွန်မတို့ဦးနှောက်ရဲ့ တုံ့ပြန်မှုပဲဖြစ်တယ်။

လက်မခံနိုင်ခြင်းများစွာနဲ့အတူ ကိုယ့်ကိုကိုယ် ထုတ်နေတဲ့ မေးခွန်းတွေ၊ထင်မြင်ယူဆချက်တွေ(သို့) ပြန်လည်ပြင်ဆင်နိုင်ဖို့ အစွမ်းကုန် ညှိယူကြိုးစားခြင်းတွေကြားထဲ (𝗚𝗼𝗶𝗻𝗴 𝗡𝗼𝘄𝗵𝗲𝗿𝗲) ဆိုသလို သွားနေပေမယ့် ဘယ်မှမရောက်နေပဲ လမ်းပျောက်နေတတ်တာပေါ့။ ဒါတွေဟာ ကိုယ့်ရဲ့ ပုံမှန်လုပ်ဆောင်နေကျ အလုပ်တာဝန်တွေ၊ လူမှုဆက်ဆံရေးတွေနဲ့ အရာအားလုံးအပေါ် သတိမရှိတော့ပဲ ကိုယ်မဟုတ်တဲ့ကိုယ်နဲ့ နေနေရသလိုမျိုး ဖြစ်နေတတ်ပါတယ်။

ရုတ်တရက်ကြုံလိုက်ရတဲ့အခြေအနေတွေကြောင့် ကိုယ့်ကိုကိုယ် ဖမ်းဆုပ်နိုင်ဖို့ ခက်ခဲတဲ့အချိန်၊ အခြေအနေကိုလက်ခံနိုင်ဖို့ ပင်ပင်ပန်းပန်း ကြိုးစားလုပ်ယူနေရတဲ့အခြေအနေမျိုးမှာ လုပ်သင့်တာကိုလုပ်ဆောင်နိုင်ဖို့ အကူအညီပြုနိုင်တာကတော့ ခြေလှမ်းတစ်လှမ်းချင်းစီကရတဲ့ “အားအင်” တွေပဲ ဖြစ်ပါတယ်။

▪️ခက်ခဲပင်ပန်းရတဲ့အခြေအနေတွေမှာ ကိုယ်ရောက်ချင်တဲ့ ခရီးမှတ်တိုင်တစ်ခုအတွက် လက်ရှိလျှောက်လှမ်းနေတဲ့ ခြေလှမ်းတစ်လှမ်းချင်းစီကိုပဲ အာရုံစိုက်၊အရင်းပြုပြီး လိုရာပန်းတိုင်ဆီ လျှောက်လှမ်းကြသလိုမျိုးပေါ့။

ဒီအပေါ် ကျွန်မတို့အားလုံးနဲ့ရင်းနှီးနေကျစကားလုံးလေးနဲ့ နှိုင်းယှဉ်ပြောရရင် လက်ရှိအချိန် “𝗣𝗿𝗲𝘀𝗲𝗻𝘁 𝗠𝗼𝗺𝗲𝗻𝘁” ကိုပဲ “𝗠𝗶𝗻𝗱𝗳𝘂𝗹” ဖြစ်စွာ နေထိုင်သလိုပေါ့။

ဒါကြောင့် ကျွန်မ ဝေမျှပြောပြချင်တာက ဘယ်လိုအခြေအနေမျိုးကိုမဆို “𝗙𝗼𝗰𝘂𝘀 𝗼𝗻𝗲 𝘀𝘁𝗲𝗽 𝗮𝘁 𝗮 𝘁𝗶𝗺𝗲 𝘁𝗼 𝗿𝗲𝗮𝗰𝗵 𝘆𝗼𝘂𝗿 𝗴𝗼𝗮𝗹” ဆိုသလို ကိုယ်လိုချင်တဲ့နေရာကို ရောက်ရှိနိုင်ဖို့ လက်ရှိလှမ်းနေတဲ့ ခြေလှမ်းတစ်ခုချင်းစီအပေါ် 𝗠𝗶𝗻𝗱𝗳𝘂𝗹 ဖြစ်စွာ လျှောက်လှမ်းရင်း ခြေလှမ်းတစ်ခုချင်းစီကရတဲ့ အားအင်တွေနဲ့အတူ ကြုံဆုံရတဲ့လောကဓံအမျိုးမျိုးကို အကောင်းဆုံးကျော်ဖြတ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

Healing with Andrea

(28-Sep-2023)

#focusonestep#mindful#present#focusonpresent#wellbeing#mentalhealth


အခြား ဖတ်စရာများ 


Spread the love