Image for Self Compassion by Healing with Andrea

Self-Compassion

Spread the love

🌱 မိမိကိုယ်ကို ကရုဏာတရားထားရှိခြင်း 🌱

ကရုဏာတရားအကြောင်းပြောရင် ဆန့်ကျင်ဘက်ဖြစ်တဲ့ 𝗡𝗲𝗴𝗮𝘁𝗶𝘃𝗲 𝗦𝗲𝗹𝗳-𝗧𝗮𝗹𝗸 အကြောင်းကတော့ မပါမဖြစ် ပါဝင်တာပေါ့။“𝗡𝗲𝗴𝗮𝘁𝗶𝘃𝗲” အပြုသဘောမဖြစ်တဲ့ “𝗦𝗲𝗹𝗳-𝗧𝗮𝗹𝗸” မိမိကိုယ်ကို ပြောဆိုခြင်းဆိုရာမှာ –

▪️ငါအသုံးမကျလိုက်တာ၊

▪️ငါဒီလောက်တောင် တုံးအ ရသလား၊

▪️အခုမှ နေမကောင်းဖြစ်ရလား၊

▪️ကျန်းမာရေးကလည်း ချူချာလိုက်တာ၊ ဘယ်တော့မှ မကောင်းဘူး၊

▪️ဒါလေးတောင် မလုပ်နိုင်ဘူးလား၊

▪️ငါကိုက ကံမကောင်းတာလေ၊

▪️ငါရဲ့ ပေါင်းသင်းဆက်ဆံရေးက ညံ့လိုက်တာ၊

▪️ငါ တော်တော် အဖြစ်မရှိပါလား၊

▪️ငါကိုက စိတ်ဓာတ်ပျော့ညံ့တာပါ၊

▪️ဒါတွေအကုန် ငါ့အမှားတွေပါ… စသဖြင့် အများကြီးပဲပေါ့လေ။ တခြားသူကို ပြောရင်တောင် နာကျင်ဝမ်းနည်းစေမယ့် စကားလုံးတွေကို ကိုယ့်ကိုကိုယ် အမှားလုပ်မိတိုင်း၊ စိတ်မကျေနပ်တိုင်း ဝေဖန်မှုတွေ ပေါပေါသီသီကြီးနဲ့ ပြောဆိုနေခဲ့လိုက်တာဆိုတာ တစ်ဘဝလုံးပဲ။ ဒီအပေါ် “𝗯𝗲𝗮𝘁𝗶𝗻𝗴 𝘆𝗼𝘂𝗿𝘀𝗲𝗹𝗳” လို့ တင်စားကြပါတယ်။ စကားလုံးတွေကတဆင့် ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်နေခြင်းပေါ့။

ကိုယ့်ကိုကိုယ် ကရုဏာတရားထားရှိတယ်ဆိုရာမှာတော့ နှိုင်းယှဉ်ပြမယ်ဆိုရင် အမေကောင်းတစ်ယောက်က အမှားလုပ်မိတဲ့ ကလေးလေးအပေါ် ပြစ်တင်လက်ညှိုးထိုးမှုတွေ မပြုပဲ မေတ္တာတရားနဲ့ နွေးထွေးပေးသလိုမျိုး၊ အားငယ်ဝမ်းနည်းနေတဲ့သူကို သူငယ်ချင်းကောင်းတစ်ယောက်က အနားကနေ ဖေးမနှစ်သိမ့်သလိုမျိုး မေတ္တာတရားနဲ့ ပြန်လည်ဆက်ဆံပေးခြင်းပဲ ဖြစ်ပါတယ်။ ဒါကို အင်္ဂလိပ်လိုဆိုရင် “𝗦𝗲𝗹𝗳-𝗖𝗼𝗺𝗽𝗮𝘀𝘀𝗶𝗼𝗻” လို့ ခေါ်ပါတယ်။

𝗦𝗲𝗹𝗳-𝗖𝗼𝗺𝗽𝗮𝘀𝘀𝗶𝗼𝗻 အားနည်းတဲ့အခါ ကိုယ့်ရဲ့ ဖြစ်တည်ခြင်းအပေါ် ကိုယ်တိုင် အားမရမှုတွေ၊ အမှားတွေအပေါ် ညှာတာခွင့် လွှတ်မှု အားနည်းခြင်းတွေ၊ ကိုယ့်ရဲ့လိုအပ်မှုတွေအပေါ် လျစ်လျူရှုမှုတွေနဲ့ အဆင်မပြေမှုတွေအပေါ် ကိုယ်ချင်းစာနားလည်မပေးမှုတွေကိုပဲ ရွေးချယ်ကျင့်သုံးဖြစ်စေတယ်။

ဒါ့ကြောင့် ကျွန်မတို့ဟာ ကိုယ့်ကိုကိုယ် ပြန်လည်နှိပ်စက်နေ တတ်တဲ့ 𝗡𝗲𝗴𝗮𝘁𝗶𝘃𝗲 𝗦𝗲𝗹𝗳-𝗧𝗮𝗹𝗸 တွေနဲ့ မိမိကိုကိုယ် တန်ဖိုးထားချစ်ခင်နိုင်မှု လျော့နည်းစေတဲ့ ဝေဖန်ပြစ်တင်မှုတွေကို ရှောင်ရှားရင်း ကရုဏာတရားလေးနဲ့ နွေးထွေးကြင်နာစွာ ဆက်ဆံနိုင်ပါစေဖို့ ဆန္ဒပြုပါတယ်။

Healing with Andrea

(25-Nov-2023)

#selfcompassion#compassion#negativeselftalk#selfblame#beatingyourself#negativity#positivity


အခြား ဖတ်စရာများ 


Spread the love