Image for Two Wolves Within by Healing with Andrea

Two Wolves Within

Spread the love

“ကျွန်မတို့ရဲ့ စိတ်အတွင်းထဲမှာ ဝံပုလွေနှစ်ကောင်ရှိတယ်” လို့ လူတွေရဲ့စိတ်အပေါ် တင်စားခိုင်းနှိုင်းတတ်ကြပါတယ်။ ဒီဝံပုလွေနှစ်ကောင်ဟာ လက်ရှိကျွန်မတို့ရဲ့ အတွင်းစိတ်နဲ့ ဆက်စပ်ထင်ဟပ်တဲ့အပြုအမူတွေအပေါ် ထိန်းချုပ်ပုံဖော်နိုင်ဖို့ အမြဲလိုလို “Conflict” ပဋိပက္ခတွေ ဖြစ်နေတတ်တယ်။

တစ်ကောင်က အန္တရာယ်ပေးမှုနဲ့ ပျက်စီးခြင်းကို ကိုယ်စားပြုပြီး လူတွေနဲ့ အမုန်းပွားစေတဲ့ လုပ်ရပ်၊ အတွေးအမြင်တွေဘက်ကို ကိုယ်စားပြုတယ်။ ဒေါသ၊ ဣဿာမစ္ဆရိယ၊ နောင်တ၊ လောဘ၊ မောက်မာမှု၊ ကိုယ်ကျိုးရှာတတ်မှု ၊ နာကြည်းမှု၊ သိမ်ငယ်မှုနဲ့ မာနတရားတွေကို ကိုယ်စားပြုနေတဲ့ အကောင်ပေါ့။

အခြားတစ်ကောင်ကတော့ မေတ္တာ၊ ကရုဏာတရား လက်ကိုင်ထားတတ်တယ်။ ချစ်ခြင်းမေတ္တာတရား၊ စာနာနားလည်မှု၊ အေးချမ်းမှု၊ နှိမ့်ချတတ်မှု၊ ကြင်နာမှု၊ ယုံကြည်မှု စတဲ့ ကောင်းသောအရည်အသွေးတွေဘက်ကို ကိုယ်စားပြုတယ်။

▪️ဒီအကောင်း၊ အဆိုးနှစ်ကောင်ဟာ အမြဲမပြတ် အားပြိုင်နေတယ်။ အားကြီးတဲ့အကောင်က အနိုင်ရတာပေါ့။

ဒီလိုပဲ ကျွန်မတို့စိတ်ထဲမှာလည်း အမုန်းပွါးခြင်းတွေ၊ မနာလိုဝန်တိုခြင်းတွေ၊ ကြည့်မရမနှစ်သက်ခြင်းတွေ၊ အပြစ်မြင်တတ်ခြင်းတွေရှိနေတတ်သလို တစ်ဖက်မှာလည်း ကောင်းတဲ့စိတ်လေး ၊ အေးချမ်းတဲ့ မေတ္တာတရားတွေ ရှိနေတတ်တယ်။

❓အားကြီးတဲ့အကောင် အနိုင်ရဖို့အတွက် “ကိုယ်က ဘယ်အကောင်ကို အစာကျွေးမှာလဲ” ဆိုတာ ကျွန်မတို့ကိုယ်တိုင်ရဲ့ “ရွေးချယ်မှု” ပဲ ဖြစ်တယ်။ အားကြီးဖို့ရာ အစာကျွေးခြင်းဆိုရာမှာတော့ ဒီစိတ်တွေကို ကြီးထွားဖွံ့ဖြိုးလာအောင် အမြဲမပြတ် လေကျင့်လုပ်ယူနေတာမျိုးပေါ့။ ကိုယ့်စိတ်ထဲမှာ ကိန်းအောင်း ရှင်သန်နေစေတာမျိုးပေါ့။

📌(အလေ့အကျင့်၊အလေ့အထတို့ ထုံးစံအရ ဦးနှောက် နဲ့ပတ်သက်ပြီး ဆက်စပ်ဥပမာပေးရရင် ကျွန်မတို့ ဦးနှောက်ဟာ ကွန်ပျူတာလိုပဲ။ နေ့စဉ်အတွေးတွေဟာ ဒီ 𝗰𝗼𝗺𝗽𝘂𝘁𝗲𝗿 ထဲထည့် run နေတဲ့ 𝗽𝗿𝗼𝗴𝗿𝗮𝗺 လိုပဲ။ နေ့စဉ်တွေးနေသမျှတိုင်းဟာ အလေ့အကျင့်၊ အမူအကျင့်တွေဖြစ်လာတယ်။ ထပ်ခါထပ်ခါလုပ်နေတဲ့ အရာတွေအပေါ် ဦးနှောက်က 𝗿𝗲𝗰𝗼𝗴𝗻𝗶𝘇𝗲 အသိအမှတ်ပြု၊ မှတ်ထားပြီး ဒါဟာ အလေ့အထတစ်ခုလို Auto ဖြစ်လာတယ်။ ဒါနဲ့ ဆက်စပ်တဲ့ 𝐁𝐚𝐬𝐚𝐥 𝐆𝐚𝐧𝐠𝐥𝐢𝐚 နဲ့ 𝐏𝐫𝐞𝐟𝐫𝐨𝐧𝐭𝐚𝐥 𝐜𝐨𝐫𝐭𝐞𝐱 အကြောင်းကတော့ စိတ်ဝင်စားရင်စားသလို လေ့လာဖတ်ရှုနိုင်ပါတယ်။)

ဒီပုံပြင်လေးလိုပဲ ကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ် လွန်ဆွဲနေတဲ့အခြေအနေမျိုးမှာ ဘယ်ဘက်ကို ရွေးချယ်မှာလဲ ၊ ဘယ်စိတ်ကို အင်အားကြီးအောင် မွေးမြူမှာလဲဆိုတာ ခရာကျပါတယ်။ ဒီလို ရွေးချယ်မွေးမြူလိုက်တဲ့ စိတ်ကပဲ အပြုအမူတွေကိုထင်ဟပ်စေပြီး ကိုယ်ရည််ကိုယ်သွေးကို ပုံဖော်ပေးနေတာပါ။ ရွေးချယ်နိုင်ဖို့ဆိုရာမှာ အရေးကြီးဆုံးကတော့ ကိုယ့်စိတ်ဘာဖြစ်နေလဲ ဆိုတဲ့အပေါ် 𝗺𝗶𝗻𝗱𝗳𝘂𝗹 ဖြစ်ဖို့နဲ့ ကိုယ့်မှာပိုင်ဆိုင်နေတဲ့ ကောင်းစိတ်၊ မကောင်းစိတ်အပေါ် 𝘀𝗲𝗹𝗳-𝗮𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 နဲ့အတူ 𝘀𝗲𝗹𝗳-𝗿𝗲𝗳𝗹𝗲𝗰𝘁𝗶𝗼𝗻 လုပ်နိုင်ဖို့ပါပဲ။

အားကြီးစေချင်တဲ့ဝံပုလွေကို အစာဖိကျွေးသလိုပဲ အကောင်းအဆိုးယှဉ်တွဲနေတဲ့စိတ်နှစ်ခုထဲက တစ်ခုအပေါ် ပိုမိုအားကောင်းလာနိုင်ဖို့ အလေ့အကျင့်တွေကို ရွေးချယ်လုပ်ယူရင်း ကိုယ်တိုင်ရော အများအပေါ်ပါသက်ရောက်တတ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို ဉာဏ်နဲ့ယှဉ် ပုံဖော်နိုင်ပါစေ…

Healing with Andrea

(4-Oct-2023)

#twowolveswithin#wolves#evil#good#personalities#mindful#awareness#reflection#selfawareness#selfreflection


အခြား ဖတ်စရာများ


Spread the love