“ကိုယ့်ကို လေးလံစေတဲ့အရာတွေကို လွှတ်ချလိုက်ပါ” (Rumination)
စိုးရိမ်ပူပန်မှုတွေ၊ မကျေမနပ်ဖြစ်ခြင်းတွေဟာ များသောအားဖြင့် Rumination အတွေးလွန်ခြင်းနဲ့ စမြုံ့ပြန်ခြင်းတွေဆီကနေလည်း လာတတ်ပါတယ်။ မရောက်သေးတဲ့အနာဂတ်တစ်ခုအတွက် ဖြစ်မလာသေးတဲ့အရာတွေအပေါ် အမြဲ ကြိုတွေး၊ ကြိုပူပန်နေမိခြင်း (𝗙𝗲𝗮𝗿 𝗼𝗳 𝗨𝗻𝗸𝗻𝗼𝘄𝗻) နဲ့ မရေရာမှုတွေထဲ အတွေးများနေတတ်ခြင်းဟာ ကိုယ့်ကို စိုးရိမ်သောကတွေပဲ ခံစားရရှိစေပါတယ်။ ကျော်လွန်ခဲ့ပြီးတဲ့ အတိတ်တွေအပေါ် ပြန်လည်တူးဆွရင်း အတွေးနဲ့ စမြုံ့ပြန်နေခြင်းဟာ ကိုယ့်ကို အတိတ်သံသရာထဲမှာပဲ တဝဲလည်လည်ဖြစ်နေစေပြီး နောင်တတွေ၊ မကျေနပ်မှုတွေ၊ အပြစ်တင်ခြင်းတွေနဲ့ လက်ရှိအချိန်ကို ဖြတ်သန်းပိုင်ဆိုင်စေပါတယ်။ ဒီလို အနာဂတ်အပေါ် ကြိုပူပန်နေခြင်း၊ အတိတ်အပေါ် မကျေနပ်ခြင်းတွေကြောင့် လက်ရှိအချိန်ကို သတိမမူမိတော့ပဲ ကိုယ်ပြင်ဆင်နိုင်သေးတဲ့အရာတွေအပေါ် လျစ်လျူရှူမိနေတတ်ပါတယ်။ ကျွန်မဖတ်ဖူးတဲ့စာလေးတစ်ခုကို ဝေမျှရရင် “𝐓𝐡𝐞 𝐏𝐫𝐞𝐬𝐞𝐧𝐭 𝐦𝐨𝐦𝐞𝐧𝐭 𝐢𝐬 𝐟𝐚𝐫 𝐦𝐨𝐫𝐞 𝐩𝐨𝐰𝐞𝐫𝐟𝐮𝐥 𝐭𝐡𝐚𝐧 𝐭𝐡𝐞 𝐩𝐚𝐬𝐭 […]
“ကိုယ့်ကို လေးလံစေတဲ့အရာတွေကို လွှတ်ချလိုက်ပါ” (Rumination) Read More »
