Healing with Andrea Service Policy

SERVICE POLICY &
CLIENT CONSENT
AT HEALING WITH ANDREA

SERVICE POLICY & CLIENT CONSENT AT HEALING WITH ANDREA

 

I. Informed Consent & Ethical Standards

Psychotherapeutic Counselling ဝန်ဆောင်မှုဆိုင်ရာ ကြိုတင်သဘောတူညီချက်နှင့် ကျင့်ဝတ်စံနှုန်းများ

Healing with Andrea (Andrea) Mental Health & Psychological Services သည် British Psychological Society (BPS) ၏ ကျင့်ဝတ်စံနှုန်းများကို အခြေခံ၍ ဝန်ဆောင်မှုပေးပါသည်။ သင်သည် ရက်ချိန်းရယူခြင်းအားဖြင့် အောက်ပါအချက်များကို သဘောတူညီပြီးဖြစ်ပါသည်။

At Healing with Andrea, we adhere to the BPS Code of Ethics and Conduct . By booking a session, you agree to the following terms:

  • ဆွေးနွေးမှုကြာချိန် – ဆွေးနွေးမှုတစ်ခုစီ၏ ကြာချိန်မှာ မိနစ် ၅၀ ဖြစ်ပါသည်။ (Each session is 50 minutes.)

  • မိမိဆန္ဒအလျောက်ဖြစ်ခြင်း – သင်သည် မည်သည့်အချိန်တွင်မဆို ဝန်ဆောင်မှုရယူခြင်းကို ရပ်နားရန် သို့မဟုတ် သဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းရန် အခွင့်အရေးရှိပါသည်။ (You may withdraw consent at any time.)

 

II. Appointment & Cancellation Policy

ရက်ချိန်းဖျက်သိမ်းခြင်းဆိုင်ရာ မူဝါဒ

Client တစ်ဦးချင်းစီတိုင်း၏ တန်ဖိုးရှိသောအချိန်နှင့် ကုစားမှုအတွက် ကြိုးပမ်းအားထုတ်မှုကို အလေးထားပါသည်။ Client မှ Booking ရယူထားသော ရက်ချိန်းအချိန်ကို သီးသန့်ဖယ်ထားခြင်းဖြစ်သောကြောင့် အောက်ပါစည်းကမ်းချက်များကို လိုက်နာပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

  • အချိန်ပြောင်းလဲပြင်ဆင်ခြင်း – ချိန်းဆိုထားရှိပြီးသော Session တစ်ခု၏ အချိန်ပြောင်းလဲပြင်ဆင်ခြင်းကို (၂) ကြိမ်ထက်ပို၍ မပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အချိန်ပြောင်းလဲပြင်ဆင်ခြင်းကို ချိန်းဆိုထားသော အချိန်၏ ၆ နာရီမတိုင်မီ ပြုလုပ်ပေးရန် လိုအပ်ပါသည်။
    (Please limit rescheduling of a single session to no more than 2 times.)

  • ၆ နာရီအတွင်း ဖျက်သိမ်းခြင်း (သို့) အချိန်ပြန်လည်ပြင်ဆင်ခြင်း (၅၀% ဝန်ဆောင်ခ) – ရက်ချိန်းကို ရယူထားသောအချိန်မတိုင်မီ ၆ နာရီအတွင်း ဖျက်သိမ်းခြင်း (သို့) အချိန်ပြန်လည်ပြင်ဆင်ခြင်းပြုလုပ်ပါက ဝန်ဆောင်ခ တစ် session ၏ ၅၀% ပေးဆောင်ရမည်ဖြစ်ပါသည်။
    (Cancellations or rescheduling made within 6 hours of the appointment will incur a 50% fee.)

  • ရက်ချိန်းပျက်ကွက်ခြင်း (No-Show) အကြောင်းမကြားဘဲ လာရောက်ရန်ပျက်ကွက်ပါက ဝန်ဆောင်ခ တစ် session ၏  ၁၀၀% ပေးဆောင်ရပါမည်။ ချိန်းဆိုထားသောအချိန်မှ ၁၅ မိနစ်ထက်ပို၍ နောက်ကျပြီး အကြောင်းကြားထားခြင်း မရှိပါက “No-Show” အဖြစ် သတ်မှတ်ပါမည်။
    (No-shows will be charged 100%. Waiting time is limited to 15 minutes; exceeding this without notice is considered a no-show.)
  • နောက်ကျခြင်း  ချိန်းဆိုထားသောအချိန်ထက် နောက်ကျမည်ဆိုပါက ကြိုတင်အကြောင်းကြားရန် လိုအပ်ပြီး နောက်ကျမှ ရောက်ရှိလာပါကလည်း အခြားသူများ၏ ရက်ချိန်းများကို မထိခိုက်စေရန်အတွက် ဆွေးနွေးမှုကို သတ်မှတ်ထားသော အချိန်တွင်သာ အဆုံးသတ်မည်ဖြစ်ပါသည်။
    (Please notify us if you are running late. Late arrivals will still end at the scheduled time to remain fair to others.)

 

III. Service Policy for Minors (Under 18)

အသက် ၁၈ နှစ်အောက် ကလေးနှင့် လူငယ်များအတွက် မူဝါဒ

အသက် ၁၈ နှစ်မပြည့်သေးသော ကလေးနှင့် လူငယ်များအတွက် ဝန်ဆောင်မှုပေးရာတွင် မိဘ (သို့မဟုတ်) အုပ်ထိန်းသူ၏ သဘောတူညီချက် ရယူရန် လိုအပ်ပါသည်။

  • မိဘသဘောတူညီချက် – ကုထုံးမစတင်မီ မိဘ/အုပ်ထိန်းသူက သဘောတူညီချက်ကို ပေးရပါမည်။

  • လျှို့ဝှက်ချက် – ကာယကံရှင်ဖြစ်သော ကလေး/လူငယ်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာကို လေးစားသောအားဖြင့် ဆွေးနွေးချက်များကို လျှို့ဝှက်ထားမည်ဖြစ်သော်လည်း ဘေးအန္တရာယ်ရှိနိုင်သော အရေးပေါ်အခြေအနေများတွင် မိဘ (သို့မဟုတ်) အုပ်ထိန်းသူများထံ အသိပေးပါမည်။

(For minors under 18, parental consent is mandatory. While protecting the child’s privacy, parents will be notified immediately if safety concerns arise.)

 

IV. Confidentiality & Exceptions

လျှို့ဝှက်ချက်ထိန်းသိမ်းခြင်းနှင့် ချွင်းချက်များ

သင်၏ ဆွေးနွေးချက်များအားလုံးကို တင်းကြပ်သော စည်းကမ်းချက်များဖြင့် လျှို့ဝှက်ထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ အောက်ပါအခြေအနေများတွင်သာ ထုတ်ဖော်ပြောဆိုရနိုင်ပါသည်။

  • မိမိကိုယ်ကိုယ် (သို့မဟုတ်) အခြားသူတစ်ဦးအား အန္တရာယ်ပြုနိုင်သောအခြေအနေရှိခြင်း။

  • ပညာရပ်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု (Supervision) တွင် မည်သူမည်ဝါဟူသောအမည်မဖော်ဘဲ ဆွေးနွေးခြင်း။

(The sanctity of our relationship is preserved through stringent confidentiality protocols. Confidentiality is maintained except in cases of imminent harm to self/others, legal mandates, or anonymized professional supervision.)


V. Information Collection & Use

အချက်အလက်များ စုဆောင်းခြင်းနှင့် အသုံးပြုခြင်း

  • Personal Information / ကိုယ်ရေးအချက်အလက်များ: ထိရောက်သော ကုထုံးအတွက် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ၊ စိတ်ကျန်းမာရေးဆိုင်ရာ (သို့) ဆေးဘက်ဆိုင်ရာမှတ်တမ်းများ၊ စိတ်ခံစားမှုဆိုင်ရာ အခြေအနေများနှင့် ကိုယ်ရေးကိုယ်တာ ဖြစ်ရပ်များကို စုဆောင်းထိန်းသိမ်းပါသည်။ (We collect personal information, including demographic details, mental health history, and emotional narratives, to provide effective psychotherapeutic counseling.)
  • Session Notes / ဆွေးနွေးမှုမှတ်တမ်းများ: ဆွေးနွေးမှုအတွင်း ရေးမှတ်ထားသော အသေးစိတ်မှတ်တမ်းများကို ကုထုံးဆိုင်ရာ တိုးတက်မှုအတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပါသည်။ (Detailed session notes are maintained as confidential records for your therapeutic progress.)
  • Use of Information / အချက်အလက်များကို အသုံးပြုခြင်း: စုဆောင်းထားသော အချက်အလက်များကို သင့်အတွက် အသင့်တော်ဆုံး ကုထုံးဖော်ဆောင်ရန်နှင့် ရက်ချိန်းဆိုင်ရာ update များ၊ လိုအပ်သော အထောက်အကူပြုအရာများကို ဆက်သွယ်အကြောင်းကြားရန် အသုံးပြုပါသည်။ (Data is used to develop customized counseling journeys and maintain essential communication regarding scheduling and resources.)

 

VI. Security of Information

အချက်အလက်လုံခြုံရေး

Data Protection: အချက်အလက်ဒေတာများ ပေါက်ကြားမှုမရှိစေရန်နှင့် သင်၏ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန်လုံခြုံရေးဆိုင်ရာနည်းနာကျင့်ဝတ်များကို လိုက်နာအသုံးပြုပါသည်။ (We implement advanced security measures to safeguard your personal information.)

Access Control: သင်၏ အချက်အလက်များကို သိရှိရန် လိုအပ်သည့် ကုထုံးပေးသူ (Therapist/Counsellor) သာလျှင် ကြည့်ရှုခွင့်ရအောင် တင်းကြပ်စွာ ထိန်းချုပ်ထားပါသည်။ (Rigorous access controls ensure only authorized personnel view your data.)

 

VII. Service Policy Updates, Contact & Complaints

မူဝါဒပြင်ဆင်ခြင်းနှင့် ဆက်သွယ်တိုင်ကြားခြင်း

Changes to Service Policy: ဤမူဝါဒသည် နည်းဥပဒေစံနှုန်းများနှင့်အညီ ပြောင်းလဲနိုင်ပြီး ပြောင်းလဲမှုရှိပါက သင့်ထံ အကြောင်းကြားပါမည်။ (We may update this policy to reflect legal standards and will keep you informed.)

Contact: ကိုယ်ရေးကိုယ်တာလုံခြုံမှုနှင့် ပတ်သက်၍ သိရှိစုံစမ်းလိုပါက ကျွန်ုပ်တို့ထံ ချက်ချင်း ဆက်သွယ်နိုင်ပါသည်။ (For inquiries or privacy concerns, please reach out to us immediately.)

 

VIII. Disclaimer & Acceptance

ငြင်းဆိုချက်နှင့် သဘောတူညီချက် အတည်ပြုခြင်း

Disclaimer: အချက်အလက်ဒေတာများကို တင်းကြပ်စွာ ကာကွယ်ထားရှိသော်လည်း အင်တာနက်ပေါ်မှတစ်ဆင့် ပေးပို့လာသော အချက်အလက်များ၏ လုံခြုံရေးကို ၁၀၀% အာမခံနိုင်ခြင်း မရှိနိုင်ပါ။ အင်တာနက်နှင့် အွန်လိုင်းဝန်ဆောင်မှုကို ရယူခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်သော နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကို နားလည်သဘောတူပြီးဖြစ်ပါသည်။ (Healing with Andrea disclaims liability for data loss despite stringent security, as electronic storage cannot be infallibly guaranteed.)

Acceptance: ရက်ချိန်းရယူခြင်းအားဖြင့် ဤစာမျက်နှာပါ အချက်အလက်များကို ဖတ်ရှုနားလည်ပြီးဖြစ်ကြောင်းနှင့် အထက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာရန် သဘောတူညီပြီးဖြစ်ပါသည်။ (By proceeding with booking, I confirm that I have read, understood, and voluntarily agreed to these terms.)