What If By Healing With Andrea

What If?

အကယ်၍များ ဒီလိုသာဆိုရင်…What If…? အင်္ဂလိပ်လိုဆိုရင်‌တော့ နှစ်လုံးတည်းရှိတဲ့ “𝗪𝗵𝗮𝘁 𝗜𝗳” ပေါ့။ လူတော်တော်များများဟာ ဒီစကားလုံးကို ကိုယ့်ဘဝရဲ့ အတိတ်နဲ့အနာဂတ်အပေါ်မှာ သုံးလေ့ရှိတတ်ကြတယ်။ အကယ်၍များ စောစောသာ လုပ်ခဲ့မိရင်…. အကယ်၍များ ပိုပြီး ဂရုစိုက်ခဲ့မိရင်…. အကယ်၍များ အချိန်များများသာ ရခဲ့လိုက်ရင် …ဒါတွေဟာ အချိန်လွန်နောင်တတွေ၊ အားမရမှုတွေနဲ့အတူ ပြန်လည်ပြင်ဆင်ခွင့်မရှိတော့တဲ့အရာတွေအပေါ် မျှော်လင့်တောင့်တမိတတ်တဲ့ စကားလုံးတွေပေါ့။ ဒီလိုပဲ ဖြစ်မလာသေးတဲ့ အနာဂတ်အပေါ်ဆိုရင်လည်း အကယ်၍များ အဆိုးတွေပဲ ဖြစ်ခဲ့မယ်ဆိုရင်… အကယ်၍များ ဒီလိုသာ ဖြစ်သွားမယ်ဆိုရင်… အကယ်၍များ မျှော်မှန်းထားသလိုဖြစ်မလာခဲ့ရင်… စသဖြင်ပေါ့။ အနာဂတ်အတွက်ပြင်ဆင်နိုင်ဖို့ ဘာဖြစ်လာနိုင်မလဲဆိုတာအပေါ် ကြိုတင်တွေးတောတတ်ခြင်းဟာ အမှားတစ်ခုမဟုတ်ပါဘူး။ ဒါဟာ ရောက်လာမယ့်အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်ကြိုးစားနိုင်ဖို့ပါ။ ဒါပေမယ့် ကိုယ်တွေးလိုက်တဲ့အရာတွေတွေဟာ ကောင်းမွန်တဲ့အဖြေကိုရှာနိုင်တဲ့ (problem solving) ထက် အကြောက်တရားတွေနဲ့ စိုးရိမ်မှုတွေကိုသာ […]

What If? Read More »