One Step at a Time By Healing with Andrea

Focus One Step at a Time to reach your Goal

“One Step at a Time” ကျွန်မဒီစကားလုံးလေးကို သတိထားမိတာက နာမည်ကြီး အမေရိကန် စိတ်ကုထုံးပညာရှင် တစ်ဦးထံကပါ။ ဘဝမှာ အဆင်မပြေမှုတွေရင်ဆိုင်ခဲ့ရတဲ့အချိန်တစ်ခုမှာ လက်ရှိလှမ်းနေတဲ့ ခြေလှမ်းတစ်လှမ်းချင်းစီရဲ့ ခွန်အားကိုယူရင်း ရှေ့ဆက်လှမ်းခဲ့တယ်ဆိုတဲ့ အကြောင်းလေးကို ပြောပြထားရင်းကနေ သတိထားမိခဲ့တာပါ။ အဆင်မပြေမှုဆိုရာမှာ ကိုယ်ထင်မှတ်မထားတဲ့အချိန်၊ မျှော်လင့်မထားတဲ့လူတွေနဲ့ အခြေအနေတွေကြောင့်လည်း လှုပ်ရှားပြင်ဆင်ချိန်မရအောင် ကိုယ့်ဆီ အတင်းတိုးဝင်လာတတ်ပါတယ်။ ဒီလို မဖိတ်ခေါ်ပဲ ရုတ်တရက်ကိုယ့်ဆီရောက်လာတဲ့ အဆင်မပြေမှုတွေကို နားလည်နိုင်ဖို့၊ လက်ခံနိုင်ဖို့ထက် များသောအားဖြင့် တုံ့ပြန်မိတတ်ကြတာက 𝗗𝗲𝗻𝗶𝗮𝗹 ( ငြင်းဆိုမှု) တွေနဲ့ 𝗦𝗵𝗼𝗰𝗸 (အံ့ဩမှင်သက်မှု) တွေပဲဖြစ်တယ်။ ဒါဟာ ပုံမှန်မဟုတ်တော့ပဲ ရုတ်တရက်ပြောင်းလဲသွားတဲ့ စိတ်ဖိစီးစရာအခြေအနေတွေအပေါ် ကျွန်မတို့ဦးနှောက်ရဲ့ တုံ့ပြန်မှုပဲဖြစ်တယ်။ လက်မခံနိုင်ခြင်းများစွာနဲ့အတူ ကိုယ့်ကိုကိုယ် ထုတ်နေတဲ့ မေးခွန်းတွေ၊ထင်မြင်ယူဆချက်တွေ(သို့) ပြန်လည်ပြင်ဆင်နိုင်ဖို့ အစွမ်းကုန် ညှိယူကြိုးစားခြင်းတွေကြားထဲ […]

Focus One Step at a Time to reach your Goal Read More »