Image for Two Wolves Within by Healing with Andrea

Two Wolves Within

“ကျွန်မတို့ရဲ့ စိတ်အတွင်းထဲမှာ ဝံပုလွေနှစ်ကောင်ရှိတယ်” လို့ လူတွေရဲ့စိတ်အပေါ် တင်စားခိုင်းနှိုင်းတတ်ကြပါတယ်။ ဒီဝံပုလွေနှစ်ကောင်ဟာ လက်ရှိကျွန်မတို့ရဲ့ အတွင်းစိတ်နဲ့ ဆက်စပ်ထင်ဟပ်တဲ့အပြုအမူတွေအပေါ် ထိန်းချုပ်ပုံဖော်နိုင်ဖို့ အမြဲလိုလို “Conflict” ပဋိပက္ခတွေ ဖြစ်နေတတ်တယ်။ တစ်ကောင်က အန္တရာယ်ပေးမှုနဲ့ ပျက်စီးခြင်းကို ကိုယ်စားပြုပြီး လူတွေနဲ့ အမုန်းပွားစေတဲ့ လုပ်ရပ်၊ အတွေးအမြင်တွေဘက်ကို ကိုယ်စားပြုတယ်။ ဒေါသ၊ ဣဿာမစ္ဆရိယ၊ နောင်တ၊ လောဘ၊ မောက်မာမှု၊ ကိုယ်ကျိုးရှာတတ်မှု ၊ နာကြည်းမှု၊ သိမ်ငယ်မှုနဲ့ မာနတရားတွေကို ကိုယ်စားပြုနေတဲ့ အကောင်ပေါ့။ အခြားတစ်ကောင်ကတော့ မေတ္တာ၊ ကရုဏာတရား လက်ကိုင်ထားတတ်တယ်။ ချစ်ခြင်းမေတ္တာတရား၊ စာနာနားလည်မှု၊ အေးချမ်းမှု၊ နှိမ့်ချတတ်မှု၊ ကြင်နာမှု၊ ယုံကြည်မှု စတဲ့ ကောင်းသောအရည်အသွေးတွေဘက်ကို ကိုယ်စားပြုတယ်။ ဒီအကောင်း၊ အဆိုးနှစ်ကောင်ဟာ အမြဲမပြတ် အားပြိုင်နေတယ်။ အားကြီးတဲ့အကောင်က အနိုင်ရတာပေါ့။ […]

Two Wolves Within Read More »