Boundary

Spread the love

ရိုးရိုးရှင်းရှင်းလေးပဲ ပြောရရင် “ကိုယ်ရဲ့ သည်းခံနိုင်မှုအတိုင်းအတာ နဲ့ ကိုယ့်ရဲ့ 𝗹𝗶𝗺𝗶𝘁”

❓ဘာကြောင့် 𝗕𝗼𝘂𝗻𝗱𝗮𝗿𝘆 လိုအပ်လဲ?

▪️ကိုယ့်စိတ်ထဲ သက်သောင့်သက်သာမရှိတဲ့အရာ၊ မနှစ်မြို့တဲ့အရာတွေနဲ့ ကိုယ့်အတွက် အဆင်မပြေတဲ့အရာတွေကို reasons ပေါင်းများစွာနဲ့အတူ ကိုယ့်ရဲ့ခံစားချက်အစစ်အမှန်တွေကို ဘေးဖယ်ပြီး အများအတွက် လိုက်လျောမိတတ်ကြတယ်။ အားနာလို့၊ ခင်လို့၊ ထောက်ထားစရာရှိလို့၊ သူနဲ့ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့၊ ကိုယ့်ကိုချစ်ခင်ရင်းနှီးစေဖို့ စသဖြင့်ပေါ့။

▪️ဒီတော့ ကိုယ့်ရဲ့ သည်းခံနိုင်မှုအတိုင်းအတာထက်ကျော်လွန်ပြီး အများအတွက် ဖြည့်ဆည်းပေးတာမျိုးတွေ၊ “𝗡𝗼” ပြောနိုင်ဖို့ ခဲယဉ်းတာမျိုးတွေ၊ ကိုယ့်အပေါ်ပြုမူသမျှတွေကို ကြိတ်မှိတ်သည်းခံနေတာမျိုးတွေနဲ့အတူ ကိုယ်မကြိုက်တာတွေတောင် အများအကြိုက်လိုက်ပြီး လိုက်လျောတတ်တာတွေကို လုပ်မိတတ်ကြပါတယ်။

❓ဒီလို 𝗕𝗼𝘂𝗻𝗱𝗮𝗿𝘆 မထားတဲ့အခါ ဘာဖြစ်မလဲ?

▪️အဓိက ကိုယ့်ကိုပင်ပန်းစေတာပေါ့။ ကိုယ်မကြိုက်ပေမယ့် ဖွင့်မပြောပဲ အမြဲ ကြိတ်မှိတ်သည်းခံနေတဲ့အခါ (သို့) ကိုယ့်ရဲ့သည်းခံနိုင်မှုထက်ကျော်လွန်ပြီး တခြားသူကို အပြည့်အဝ ခွင့်ပြုထားတဲ့အခါ ဒီအရာတွေကနေ စိတ်ပင်ပန်းမှုတွေ၊နာကျင်စရာတွေ၊ မကျေနပ်မှုတွေနဲ့ ဒေါသတွေဆီ ဦးတည်ကုန်တာပေါ့။

❓ဒါဆို 𝗕𝗼𝘂𝗻𝗱𝗮𝗿𝘆 အတွက် ဘာလုပ်နိုင်လဲ?

အရေးကြီးဆုံး နှစ်ချက်ကတော့

▪️ကိုယ့်သည်းခံနိုင်မှုအတိုင်းအတာနဲ့ ကိုယ် ဖြစ်ချင်တာအပေါ် ရှင်းရှင်းလင်းလင်းသိပြီး ကိုယ့် boundary ကို ကိုယ်တိုင် သတ်မှတ်ထားဖို့၊

▪️တခြားလူကို ကိုယ့် boundary အကြောင်း ရှင်းရှင်းလင်းလင်း သိစေဖို့ပဲ ဖြစ်ပါတယ်။

ဒီ့အပြင် ကိုယ့်ရဲ့ 𝗕𝗼𝘂𝗻𝗱𝗮𝗿𝘆 ကို ကျော်လွန်တဲ့အခါ ကိုယ့်အတွက် အဆင်မပြေနိုင်ကြောင်းနဲ့အတူ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေအပေါ် ရှင်းလင်းစွာ ပြောပြထားဖို့ လိုသလို ကိုယ်တိုင်ကလည်း 𝗕𝗼𝘂𝗻𝗱𝗮𝗿𝘆 ထားတတ်တဲ့အလေ့အကျင့်ကို လုပ်ယူထားဖို့လိုပါတယ်။ ဒါမှသာ အလေ့အကျင့်ကနေ အလေ့အထတစ်ခုဖြစ်လာပြီး ကိုယ်နဲ့အတူအမြဲ ရှိသွားမှာဖြစ်တယ်။

ဒါလေးနဲ့ဆက်စပ်ပြီး ကျွန်မ သူငယ်ချင်းတစ်ယောက်ပြောသလို “𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽” တိုင်းမှာ 𝗕𝗼𝘂𝗻𝗱𝗮𝗿𝘆 လိုတယ်ထင်တယ်” တဲ့။ မှန်တာပေါ့နော်။ မိသားစုဝင်အချင်းချင်းမှာလည်း လိုအပ်သလို ချစ်သူသမီးရည်းစား၊ အိမ်ထောင်ဖက်၊ အလုပ်ခွင်နဲ့ လူမှုဆက်ဆံရေးအားလုံးမှာ လိုအပ်တဲ့ စည်းဘောင်တစ်ခုပဲ မလား။

ဒါ့ကြောင့် ကိုယ့်ရဲ့ သည်းခံနိုင်မှု အတိုင်းအတာ ၊ ကိုယ့် 𝗹𝗶𝗺𝗶𝘁 ကို ကိုယ်တိုင်သတ်မှတ်ထားပြီး စိတ်ဖိစီးစရာအခြေအနေတွေနဲ့ မလိုအပ်တဲ့ စိတ်ပင်ပန်းစရာတွေကို ကြိုတင်ဟန့်တားထိန်းသိမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Healing with Andrea

(28-Jul-2023)

#boundary#boundaries#limit#sayno#sayNo#defineyourboundaries


အခြား ဖတ်စရာများ 


Spread the love