Repression & Suppression by Healing with Andrea

Repression Vs Suppression

Spread the love

Repression နဲ့ Suppression ဟာ အသံထွက်ရော၊ စာလုံးပေါင်းရော ဆင်သယောင်ရှိပါတယ်။

နှစ်ခုစလုံးဟာ မလိုချင်တဲ့ အတွေး၊ စိတ်ခံစားမှုအခြေအနေတွေနဲ့ အဖြစ်အပျက်တွေအပေါ် ကိုယ်မနာကျင်စေဖို့၊ စိတ်သက်သာရာရစေဖို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်တဲ့ “ 𝗗𝗲𝗳𝗲𝗻𝘀𝗲 𝗺𝗲𝗰𝗵𝗮𝗻𝗶𝘀𝗺” တွေပဲ ဖြစ်ပါတယ်။

◾️𝗥𝗲𝗽𝗿𝗲𝘀𝘀𝗶𝗼𝗻 ကတော့ မသိစိတ်ထဲမှာ ရှိနေ၊ရောက်နေတာမျိုးပါ။

ကိုယ်တိုင် မလိုချင်တဲ့ နာကျင်စရာကိစ္စရပ်တွေဟာ သိစိတ်မှာ ပေါ်မလာတော့ပဲ မသိစိတ်ထဲမှာ ရောက်နေတာ၊ တိမ်မြုပ်နေတာမျိုးပေါ့။ ပျောက်သွားတာမျိုးတော့ မဟုတ်ပါဘူး။ 𝗨𝗻𝘀𝗼𝗹𝘃𝗲𝗱 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 ( မရှင်းထုတ်ရသေးတဲ့ ပြဿနာ) ဖြစ်နေတဲ့ အတွက် အချိန်တစ်ခုခုမှာ အသွင်တစ်မျိုးမျိုးနဲ့ ပြန်ပေါ်လာနိုင်ပါတယ်။

◾️𝗦𝘂𝗽𝗽𝗿𝗲𝘀𝘀𝗶𝗼𝗻 ကတော့ သိသိကြီးနဲ့ကို မေ့ဖို့ ကြိုးစားတာ၊ တွန်းထုတ်ပစ်တာ၊ ရှောင်ဖယ်တာမျိုးပါ။ ကိုယ်နာကျင်ရတော့ မတွေးမိအောင် သိစိတ်ကနေကို အတင်းမေ့ဖို့ အားထုတ်တာမျိုးပေါ့။

“𝗜𝗰𝗲𝗯𝗲𝗿𝗴 𝘁𝗵𝗲𝗼𝗿𝘆” အတိုင်းပြောရရင် ရေပေါ်ပေါ်နေတဲ့ မြင်နေရတဲ့အပိုင်းက ကျွန်မတို့ရဲ့ သိစိတ် (𝗰𝗼𝗻𝘀𝗰𝗶𝗼𝘂𝘀) ပေါ့။ တစိတ်တပိုင်း ရေအောက် မြုပ်နေပေမယ့် မြင်နိုင်သေးတဲ့အပိုင်းကတော့ (𝗽𝗿𝗲𝗰𝗼𝗻𝘀𝗰𝗶𝗼𝘂𝘀) ပေါ့။ Preconscious ဆိုတာ သိစိတ်မှာ သတိမမူမိနိုင်ပေမယ့် ပြန်စဉ်းစားရင် မှတ်မိနိုင်တာမျိုးပါ။ လုံးဝကို တိမ်မြုပ်နေတဲ့အပိုင်းကတော့ မသိစိတ် ( 𝘂𝗻𝗰𝗼𝗻𝘀𝗰𝗶𝗼𝘂𝘀 ) အပိုင်းပေါ့။ 𝐅𝐫𝐞𝐮𝐝 အရဆိုရင် ဒီ “#မသိစိတ်” က ကိုယ်ရည်ကိုယ်သွေးပုံပေါ်လာမှုအပေါ် သက်ရောက်မှုရှိပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတော်တော်များများဟာ ဒီ “မသိစိတ်” နဲ့ သက်ဆိုင်နေပါတယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးရှုထောင့်အရကြည့်ရင်တော့ တိမ်မြုပ်နေတာပဲဖြစ်ဖြစ်၊ တွန်းထုတ်ရှောင်ဖယ်တာပဲဖြစ်ဖြစ် ကိုယ့်မှာရှိတဲ့ 𝗻𝗲𝗴𝗮𝘁𝗶𝘃𝗲 𝗲𝗺𝗼𝘁𝗶𝗼𝗻𝘀 တွေအပေါ် အသိအမှတ်မပြုခြင်း၊ ကိုင်တွယ်ဖြေရှင်းမှု မပြုခြင်းဟာ 𝗵𝗲𝗮𝗹𝘁𝗵𝘆 ဖြစ်တဲ့ ဖြေရှင်းနည်းတစ်ခုတော့ မဟုတ်ပါဘူး။

“𝗥𝗲𝗽𝗿𝗲𝘀𝘀𝗲𝗱” တိမ်မြုပ်နေတဲ့ မှတ်ဉာဏ်၊ အတွေးအမြင်နဲ့ ခံစားချက်ကို ပိုင်ဆိုင်ထားသူတွေဆီမှာ ခံစားမှုဆိုင်ရာ၊ အပြုအမူဆိုင်ရာ လက္ခဏာရပ်လေးတွေကို သတိထားမိနိုင်ပါတယ်။ ဥပမာ − အဲ့ဒီ့အကြာင်းအရာတွေပြောတဲ့အခါ sensitive ဖြစ်တာမျိုး ၊ defensive ဖြစ်တာမျိုး ၊ ပြောဖို့ အခက်အခဲရှိတာမျိုးတွေကို တွေ့ရတတ်ပါတယ်။

မသိစိတ်ထဲ ရောက်နေတဲ့အရာတွေကို သိစိတ်ဆီ တစ်စချင်းစီ ဆွဲခေါ်ယူလာနိုင်ပြီး ဒီအပေါ် ကောင်းကောင်းအလုပ်လုပ်နိုင်မယ်ဆိုရင် ဒါဟာကောင်းသော ပြောင်းလဲခြင်းဆီ သွားနေတဲ့ အရွေ့တွေပဲ ဖြစ်ပါတယ်။

ထို့အတူ မလိုချင်လို့ အတင်းတွန်းထုတ်မေ့ပစ်နေတဲ့ ခံစားချက်တွေအပေါ်ကိုလည်း ကိုယ်တိုင်သတိပြုဖို့ အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ ရှောင်လွှဲမယ့်အစား healthy ဖြစ်သော နည်းလမ်းတွေနဲ့ ခံစားချက်တွေကို ထုတ်ဖော်၊ ရင်ဆိုင်၊ ကိုင်တွယ်ခြင်းဟာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာအဆင်ပြေရေးကို အများကြီးအထောက်အပံ့ဖြစ်စေပါတယ်။

မလိုချင်တဲ့ ခံစားချက်တွေ ရရှိပိုင်ဆိုင်လာတဲ့အခါ ကိုယ်ဘယ်လို ကိုင်တွယ်နေလဲဆိုတဲ့အပေါ်သတိပြုရင်း healthy ဖြစ်စေတဲ့ ဖြေရှင်းနည်းများနဲ့ စိတ်ခံစားချက်တွေအပေါ် အနိုင်ယူကျော်လွှားနိုင်ကြပါစေ။

Healing with Andrea

(17-Aug-2023)

#repression#suppression#repressed#suppressed#unhealthy#defense#defensemechanisms#negativeemotions#unconscious#iceberg#မသိစိတ် #mentalhealth


အခြား ဖတ်စရာများ 


Spread the love