image for Explicit and Implicit Memory by Healing with Andrea

The Truth About Explicit vs Implicit Memory

Spread the love

📌 Explicit Memory– သိစိတ် (Consious) နဲ့အတူ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အချက်အလက်တွေ၊ သင်ယူမှတ်သားခဲ့တဲ့အရာတွေအပေါ် သတိရှိရှိ အလုပ်လုပ်တယ်။ သူ့ကို Declarative Memory လို့လည်း ခေါ်ပါသေးတယ်။) Explicit ကို ဥပမာပေးရင် သင်္ချာတွက်ခြင်းလိုပေါ့။

📌 Implicit Memory– မသိစိတ် (Unconscious) ကနေ အလုပ်လုပ်တယ်။ အလိုအလျောက်ဖြစ်တယ်။

အခုကျွန်မ ကွန်ပျူတာရိုက်နေတယ်။ စကားလုံးတွေကို သေသေချာချာလေး တစ်လုံးချင်းစီ ကြည့်ယူပြီး ရိုက်နေတာမဟုတ်ဘူး။ အလိုအလျောက် Body က ဖြစ်နေတယ်။ နောက် စက်ဘီးစီးတာလည်း ထို့နည်းတူပဲ။ မသိစိတ်ကနေမှတ်ထားပြီး ပြန်လည်စဉ်းစားစရာမလိုပဲ အသုံးချနိုင်တဲ့ မှတ်ဉာဏ်ဖြစ်တယ်။

Implicit memory မှာ စိတ်ခံစားချက် (Emotions & Feelings)၊ ပုံရိပ် ( images) ၊ အနံ့ (smell) ၊ အရသာ( taste) ၊ လှုပ်ရှားမှု (movement) နဲ့ body sensation တွေအဖြစ် သိုလှောင်သိမ်းဆည်း မှတ်ထားတတ်တယ်။ ( 𝗡𝗼𝗻 𝗗𝗲𝗰𝗹𝗮𝗿𝗮𝘁𝗶𝘃𝗲 𝗠𝗲𝗺𝗼𝗿𝘆) လို့လည်း ခေါ်ပါသေးတယ်။)

𝗗𝗿.𝗣𝗮𝘁 𝗢𝗴𝗱𝗲𝗻 (PhD, a pioneer in somatic psychology) က Implicit memory အပေါ် “ စကားလုံးတွေနဲ့ ဖော်ပြလေ့မရှိဘူး။ Implicit ဟာ right brain phenomenon သဘောပဲ။ ” လို့ ပြောထားဖူးတယ်။ Left Brain နဲ့ Right Brain မှာ left က logic ဆန်တယ်။ facts တွေအပေါ် အလုပ်လုပ်တယ်။ Right ကတော့ Emotion ဦးစားပေးတယ်။အတိတ်ရဲ့ အတွေ့အကြုံနဲ့ အဖြစ်အပျက်တွေအပေါ် မှတ်မိနေတတ်တာမျိုးမှာ စကားလုံးတွေနဲ့ မဟုတ်ပဲ အလေ့အထ (habits) ၊ movement နဲ့ pattern တွေနဲ့ပဲ ပြန်လာတတ်တာမျိုးပေါ့။

(ထပ်ပြီးချဲ့ပြောရရင် Explicit နဲ့ Implicit အောက်မှာ အခွဲတွေရှိပါသေးတယ်။

▪️Explicit အောက်မှာ 𝐒𝐞𝐦𝐚𝐧𝐭𝐢𝐜 နဲ့ 𝐄𝐩𝐢𝐬𝐨𝐝𝐢𝐜 memory တွေရှိမယ်။ 𝐒𝐞𝐦𝐚𝐧𝐭𝐢𝐜 ကတော့ အယူအဆတွေ၊ အထွေထွေအချက်အလက်တွေနဲ့ဆိုင်တဲ့ memory ဖြစ်တယ်။ 𝐄𝐩𝐢𝐬𝐨𝐝𝐢𝐜 ကတော့ လူတွေ၊ နေရာတွေ၊ အဖြစ်အပျက်တွေကို သေချာမှတ်ယူထားခြင်းမျိုးပေါ့။

▪️Implicit အောက်မှာ 𝐏𝐫𝐨𝐜𝐞𝐝𝐮𝐫𝐚𝐥 နဲ့ 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 ဆိုပြီး ရှိတယ်။ 𝐏𝐫𝐨𝐜𝐞𝐝𝐮𝐫𝐚𝐥 ကတော့ အလိုအလျောက် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို မှတ်မိနေတတ်ပြီး အပြုအမူတွေအပေါ် လွှမ်းမိုးနေတတ်တာမျိုးပေါ့။ 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 ကတော့ အဖြစ်အပျက်အတွင်း ဘာ emotions တွေဖြစ်ခဲ့လဲဆိုတာကိုပါ။)

Neuroscience expert တွေကတော့ 𝗧𝗿𝗮𝘂𝗺𝗮𝘁𝗶𝗰 𝗘𝘅𝗽𝗲𝗿𝗶𝗲𝗻𝗰𝗲 တွေဟာ implicit memory ကိုပုံပေါ်စေတယ်လို့ ဆိုထားကြတယ်။ ဥပမာ ငယ်ငယ်က ခွေးကိုက်ခံရဖူးသူဆိုပါစို့။ ကြုံလိုက်ရတဲ့ event ကို ဦးနှောက်က implicit memory အဖြစ် မှတ်ထားမယ်။အသက်ကြီးလာတဲ့အခါ ခွေးကိုမြင်တိုင်း အရင်ကအတွေ့အကြုံရဲ့ implicit memory ကို တုံ့ပြန်သောအားဖြင့် 𝗔𝗺𝘆𝗴𝗱𝗮𝗹𝗮 က hyperactive ဖြစ်တယ်။ 𝗔𝗺𝘆𝗴𝗱𝗮𝗹𝗮 ရဲ့ function အားဖြင့် threat အဖြစ်လက်ခံတယ်။ သူ့ကို “𝗮𝗹𝗮𝗿𝗺 𝗼𝗳 𝘁𝗵𝗲 𝗯𝗿𝗮𝗶𝗻” လို့ တင်စားနိုင်တယ်။အဲ့ဒီနောက် အရင်တုန်းက မှတ်ဉာဏ် နဲ့ ခံစားမှုတွေ ကို ချိတ်ဆက်တယ်။ ဒီအခါ တုံ့ပြန်မှု အနေနဲ့ physiological response တွေခံစားရမယ်။ ဒါတွေဟာ သိစိတ်အရ ဖြစ်ပေါ်ပုံတွေမဟုတ်ပဲ ခွေးမြင်တာနဲ့ unconsciously ဖြစ်လာတဲ့ တုံ့ပြန်ပုံတွေပဲဖြစ်ပါတယ်။

Trauma ကုစားမှုဖြစ်စဉ်တွေမှာဆိုရင် မသိစိတ်ထဲမှာရှိပြီး auto ဖြစ်နေတဲ့ implicit memory တွေကို conscious ဆီ ခေါ်လာရတယ်။ Therapist တွေရဲ့ အကူအညီနဲ့ ကုစားမှုနည်းလမ်းတွေ၊ practice တွေ၊ ကိုယ့်ကိုယ်ကိုယ် ရှာဖွေမှုတွေအဆင့်ဆင့်ဖြတ်ပြီး သိစိတ်ကနေသတိထားလက်ခံလာနိုင်အောင် အလုပ်လုပ်ကြရတယ်။ ဖြစ်နေတဲ့ ခံစားချက်တွေအပေါ် healthy ways နဲ့အတူ ကုစားမှုပြုကြတာပေါ့။

ဒါကတော့ Explicit memory နဲ့ Implicit memory ရဲ့ ဗဟုသုတဆိုင်ရာပဲဖြစ်ပါတယ်။ ဒီသဘောတရားတွေကို နားလည်ထားတဲ့အခါ တိမ်မြုပ်နေတဲ့ မသိစိတ်ထဲက မှတ်ဉာဏ်တွေနဲ့ လက်ရှိအလိုအလျောက်တုံ့ပြန်မှုတွေအပေါ် သတိထားမိနိုင်ပါတယ်။ ဒါဟာ Healing process အတွက် အလုပ်လုပ်နိုင်ဖို့ အရေးပါတဲ့ အဆင့်တစ်ခုပဲ ဖြစ်ပါတယ်။

Healing with Andrea

(9-Nov-2023)

#explicitmemory#implicitmemory#Trauma#conscious#Unconscious#Recalled#automatic


အခြား ဖတ်စရာများ 


Spread the love