ကိုယ်အဆင်မပြေနိုင်တဲ့အရာတွေအပေါ် “No”ပြောပေမယ့်လည်း တစ်ဖက်လူရဲ့ တုံ့ပြန်ပုံကိုကြည့်ပြီး Guilty ဖြစ်တာမျိုးကြုံဖူးကြပါသလား?
များသောအားဖြင့် ကျွန်မတို့ဟာ ကိုယ်အဆင်ပြေတာရော၊ မပြေတာရောအပေါ် “𝗡𝗼” ပြောဖို့ တွန့်ဆုတ်မိတာတွေ၊ တစ်ဖက်လူကို ငြင်းဆိုရမှာ အားနာတာမျိုးတွေ ရှိတတ်ကြပါတယ်။ ကိုယ်ငြင်းလိုက်ရင် ကိုယ့်အပေါ် ငြိုငြင်သွားမလား၊ ကိုယ့်ကို စိတ်ခုသွားမှာလား၊ ကိုယ့်အပေါ် အမြင်ပြောင်းသွားမလား၊ ခင်မင်ရင်းနှီးမှုကို ထိခိုက်သွားနိုင်လား…စတဲ့စတဲ့ အရာတွေအပေါ် ကြိုတွေးရင်း ကိုယ်မလုပ်နိုင်တာတွေကိုတောင် “ရပါတယ်၊ အဆင်ပြေပါတယ်” ပြောပြီး ခေါင်းငြိမ့်မိကြတယ်။ ဒီလို စိတ်မပါတာတွေလုပ်မိတဲ့အတွက်လည်း အဆင်မပြေမှုကို တနုံ့နုံ့ ခံစားမိတတ်ပါသေးတယ်။
ဒီလို “𝗦𝗮𝘆𝗶𝗻𝗴 𝗡𝗼” မလုပ်နိုင်မှုအပေါ် ကိုယ့်ကိုကိုယ်အမှားတစ်ခုလိုမျိုး အပြစ်မတင်စေလိုပါဘူး။ အားနာတတ်တဲ့စိတ်၊ တစ်ဖက်လူအပေါ် တန်ဖိုးထားငဲ့ညှာတတ်တဲ့စိတ်ဟာ ကိုယ့်ရဲ့ စိတ်ရင်းကောင်းလေးတစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီစိတ်ရင်းလေးက ကိုယ့်ကို ပင်ပန်းနေစေပြီ၊ လေးလံနေစေပြီ၊ သက်တောင့်သက်သာ မရှိဘူးဆိုတာ မှန်နေပြီဆိုရင်တော့ ကိုယ်အဆင်မပြေမှန်း တစ်ဖက်လူ နားလည်စေဖို့ ပွင့်ပွင့်လင်းလင်း ပြောပြပေးဖို့ လိုအပ်နေပါပြီ။
ဒီလို အဆင်မပြေတာကို မပြေကြောင်း ပွင့်လင်းစွာ ဖော်ထုတ်ပြသမှုဟာ မိမိကိုယ်ကို ဂရုစိုက်ခြင်း “𝗦𝗲𝗹𝗳-𝗖𝗮𝗿𝗲” လို့လည်း ခေါ်နိုင်သလို 𝗕𝗼𝘂𝗻𝗱𝗮𝗿𝘆 တိတိကျကျ ထားပြီး မလိုလားအပ်တဲ့ စိတ်ပင်ပန်းမှုတွေကို ကာကွယ်ထားခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ဒီ့အပြင် ကိုယ့်စိတ်ထဲမှာပဲ သိမ်းဆည်းမထားပဲ လိုအပ်ရင် လိုအပ်တဲ့အရာကို ပွင့်လင်းစွာ communicate လုပ်ခြင်းလို့ လည်း ပြောနိုင်ပါတယ်။ ( Boundary ထားရှိမှုမှာတော့ Healthy way နဲ့အတူ communicate လုပ်နိုင်ဖို့ စဉ်းစားသင့်ပါတယ်။)
📍 “Saying No” လုပ်ခဲ့ပေမယ့်လည်း ဒီအပေါ်တစ်ဖက်လူရဲ့တုံ့ပြန်ပုံကို ကြည့်ပြီး ကိုယ့်အနေနဲ့ အတ္တကြီးသလိုများ ဖြစ်သွားမလား၊ မကူညီလိုက်သလိုများ ဖြစ်သွားမလား စတဲ့ အပြစ်မကင်းတဲ့စိတ်ကိုလည်း ခံစားမိတတ်ပါသေးတယ်။ ဒီလို Guilt ဖြစ်တဲ့စိတ်မျိုးဝင်လာခဲ့မယ်ဆိုရင် ဒီအပေါ် ဝေမျှချင်တာက –
▪️ကိုယ်အဆင်မပြေနိုင်လို့ “𝗡𝗼” လို့ ပြောရခြင်းဟာ တစ်ကိုယ်ကောင်းဆန်ခြင်းမဟုတ်သလို တစ်ဖက်လူကို ဂရုမစိုက်ခြင်းလည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ကောင်းစွာသိနားလည်ထားပြီး ဘဝမှာ ဟန်ချက်ညီတဲ့အခြေအနေတွေကို ထိန်းသိမ်းရယူခြင်းပါ။
▪️ပွင့်ပွင့်လင်းလင်း ရိုးသားစွာ ပြောဆိုပြီး Boundary (စည်း) ထားခြင်းဟာ တစ်ဖက်ကို ရည်ရွယ်ချက်ရှိရှိ ငြင်းဆိုခြင်းသက်သက် မဟုတ်ပါဘူး။ ဒါဟာ မိမိရဲ့ စိတ်ကျန်းမာရေးအတွက် လိုအပ်မှုတစ်ခုဖြစ်တယ်ဆိုတာကို နားလည်ထားရပါလိမ့်မယ်။
▪️မိမိအနေနဲ့ ပွင့်လင်းရိုးသားစွာ ကိုယ့်ရဲ့ အဆင်မပြေမှုကို ထုတ်ဖော်ပြောပြနေပေမယ့်လည်း တစ်ဖက်ရဲ့ တုံ့ပြန်ပုံဟာ ကိုယ့် control အောက်မှာ မရှိနေတဲ့ တခြားသူရဲ့ တုံ့ပြန်မှုသာ ဖြစ်တယ်ဆိုတာ နားလည်ထားဖို့ လိုပါတယ်။
နိဂုံးချုပ်အားဖြင့် “𝗦𝗮𝘆𝗶𝗻𝗴 𝗡𝗼” လုပ်ဆောင်မှုဟာ တစ်ဖက်ကို ငြင်းဆိုခြင်း၊ မိမိအတ္တကိုသာ ရှေ့ရှုခြင်း မဟုတ်ပဲ မိမိရဲ့ လိုအပ်ချက်နဲ့ အဆင်မပြေမှုကို သိရှိနားလည်ထားရင်း ပွင့်လင်းစွာ ဆက်ဆံပြောဆိုမှု၊ boundary ထားမှုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Guilt ဖြစ်တဲ့စိတ်မျိုး ဝင်လာတဲ့အခါ ဖြစ်လာတဲ့ခံစားချက်ကို အသိအမှတ်ပြု နားလည်ပေးရင်း ကိုယ်ထိန်းချုပ်လို့မရတဲ့ တစ်ဖက်လူတုံ့ပြန်ပုံတွေအပေါ် စိတ်မကောင်း မဖြစ်စေဖို့ ဒီ post လေးကို ရေးသားလိုက်ရပါတယ်။
(28-Jan-2024)
#sayingno#boundary#guilt#selfcare#guilty#awareness#wellbeing
အခြား ဖတ်စရာများ –