Testimonials

Real stories of healing, growth, and transformation from our clients

What Clients Say

All testimonials shared with informed consent from our valued clients.

5/5
အနှစ်နှစ် အလလ မြိုသိပ်ထားပြီး ကြိတ်ခံထားသမျှ trauma တွေကို ဖွင့်ဟခွင့်ရခဲ့တယ်။ ဘာမှမလုပ်ချင်တဲ့ အချိန်မှာ push မလုပ်ဘဲ စိတ်ကလေးကို ထားတတ်အောင် healing ပေးတယ်။ ကိုယ့်ကိုကိုယ်ပြန်မြင်လာအောင် အတွေးမှားတွေကို တစ်မျိုးပြန်တွေးကြည့်လို့ရအောင် ပြုပြင်ပေးတယ်။ ကိုယ့်ကိုကိုယ်ပျောက်ဆုံးမသွားအောင် ကူညီဖေးမပေးခဲ့၊ အချိန်တွေ စေတနာတွေပေးခဲ့လို့ ကျေးဇူးအများကြီးတင်ပါတယ်။
CLIENT ID HWA00098
ဘဝမှာ မျှော်လင့်ချက် ကင်းမဲ့နေပြီး လမ်းပျောက်နေတဲ့အချိန်မှာ လက်တွဲကူပြီး အတူတူ အဖြေရှာပေးပြီး နွေးထွေးတဲ့ ရင်ဖွင့်တိုင်ပင်ဖော်ရရှိခဲ့ပြီး ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အခုဆို အပြုံးတွေများစွာနဲ့ အရာအားလုံးကို ဖြတ်ကျော်နိုင်ခဲ့ပါပြီ။ နွေးထွေးစွာ ဆွေးနွေးပေးတဲ့ မ Andrea ကို အရမ်းပဲ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

CLIENT ID HWA00009

အစ်မ Andrea ရဲ့နွေးထွေးမှုတွေ၊ နားလည်ပေးမှုတွေ၊ စာနာပေးခြင်းတွေ၊ reassurance တွေ၊ tools တွေကြောင့် ညီမ heal လုပ်ရန်အတွက် ပိုပြီးလွယ်ကူလာစေပါတယ်။ အရင်ကဆို counselling လုပ်ဖို့ hesitant ဖြစ်ခဲ့တယ်။ အခု အမ Andrea နဲ့တွေ့ပြီးကတည်းက session တိုင်းကို look forward လုပ်မိပါတယ်

CLIENT ID HWA00105

After each counseling session, I felt satisfied, optimistic, hopeful and ready to approach the challenges I face from a different perspective. I no longer feel overwhelmed, stressed, or anxious when I face my challenges again. And finally I was able to break free from my bad repetitive patterns.

CLIENT ID HWA00008

သေချာလေးနားထောင်ပေး၊ အစတွေ ဆွဲထုတ်ပေး၊ အထုံးတွေ ဖြေပေးနဲ့ စေတနာထား အချိန်တွေ ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိရပါတယ်။ Counselling ဆိုတာ စိတ်တွေ မကျန်းမာနေမှ မဟုတ်ဘဲ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ ဒွိဟတွေ၊ ရှာမတွေ့သေးတဲ့အဖြေတွေ အတွက်ဆိုလည်း ယူသင့်ပါတယ်။ ကြုံလာသမျှကို နှလုံးသွင်းမှန်ကိုယ်ဖို့၊ ကိုယ့်စိတ်ကလည်း သတိရှိနေဖို့လိုတယ်ဆိုတာလေးကိုလည်း ရလိုက်တဲ့အတွက် ကျေနပ်မိပါတယ်ရှင့်

CLIENT ID HWA00030

တီချယ်မေတ္တာနဲ့ နားထောင်ပေးပြီး ကျွန်မကို မေးတဲ့မေးခွန်းလေးတွေက ကျွန်မ လပေါင်းများစွာ ခဲ့စားနေရတဲ့ ရင်ထဲက စူး၊ ဘယ်သူမှ မခိုင်းဘဲ ကျောမှာအလေးခံထမ်းထားတဲ့ ဝန်၊ ကျွန်မရဲ့ စိတ်ဒဏ်ရာတွေကို ဆွဲနုတ်ပေးလိုက်သလိုပါပဲ။ တီချယ့်မေးခွန်းတွေကဘဲ ကျွန်မရှေ့ဆက်လျှောက်ရမယ့် လမ်းတွေကို ပွင့်သွားစေတယ်။ အကြောက်တရား၊ အမုန်းတရားတွေ၊ လျော့ပါးသက်သာလာတယ်။

CLIENT ID HWA00008

တကယ်ကိုကျေးဇူးအတင်ဆုံးက old younger self ရယ်၊ current self ရယ်၊ future self ရယ် ဆက်စပ်ပြီးဘယ်လို သင်ခန်းစာယူရမလဲ။ ယုံကြည်မှုတွေ ပျောက်ဆုံးနေခဲ့ရင် ဘယ်လိုပြန်ရှာရမလဲ။ ကိုယ့်ဘေးနားကလူတွေကိုဘယ်လိုချစ်ရမလဲ။ ကိုယ့်ရဲ့ best version အတွက် ဘယ်လိုနေထိုင်သွားသင့်တယ်ဆိုတာကို ဘာ Judgement မှမပါဘဲ ကိုယ့်ကိုကိုယ် မြင်တတ်ပြီး နေထိုင်သွားတတ်အောင် ဆက်စပ်ပြပေးသွားတာပါဘဲ။

CLIENT ID HWA00015

Book your session today and start your healing journey with us. Your well-being is our priority.

Telephone Reservations
+95 99 688 660 80