blaming cover image by Healing with Andrea

ပြစ်တင်မှုတွေအကြား ကြီးပြင်းလာရတဲ့အခါ (Blaming)

Spread the love

blaming

ကျွန်မတို့တွေဟာ “အတိတ်ရဲ့ ပဲ့တင်သံတွေကို လက်ရှိအထိ သယ်ဆောင်လာတတ်ကြတယ်” တဲ့…

ဒီပဲ့တင်သံတွေကြောင့်ပဲ တခါတရံမှာ ကိုယ့်ကိုကိုယ် လိုတာထက်ပိုပြီး အပြစ်တင်စိတ်တွေနဲ့ ဆက်ဆံမိ တတ်ကြတယ်။ ဒီပဲ့တင်သံတွေကို ဖြစ်ပေါ်လာစေတဲ့အတိတ်ဟာ ကျွန်မတို့အတွက် အရးကြီးတဲ့ အစိတ် အပိုင်းတစ်ခုပေါ့။ ဒီလိုဆိုရင် “ကိုယ်‌ရော ဒီပဲ့တင်သံတွေကို လက်ရှိအချိန်အထိ သယ်ဆောင်လာတဲ့သူများ ဖြစ်နေပြီလား” ပြန်ဆန်းစစ်ကြည့်ရအောင်ပါ။

အတိတ်ရဲ့ပဲ့တင်သံတွေဆိုရာမှာ ငယ်ရွယ်စဉ်ကလေးဘဝဆိုတာလည်း ပါဝင်နိုင်တာပေါ့။ ဒီလို ငယ်စဉ်အရွယ်တစ်ခုမှာ အပြစ်တင်မှုခံခဲ့ရတဲ့ ကလေးလေးတွေ ကြီးပြင်းလာကြတဲ့အခါ ဘာတွေကိုတွေ့ကြုံခံစားတတ်လဲဆိုရင်-

◾️တစ်ခုခုဆို သူတို့မှာ အပြစ်ရှိတယ်။ သူတို့မှာ အား နည်းချို့ယွင်းချက်တွေရှိတယ်..

◾️သူတို့ကိုက အရာရာကို သူများတွေလို မှန်ကန် အောင် မလုပ်နိုင်တာပါ…

◾️သူတို့ဘာလုပ်လုပ် သူများနဲ့ယှဉ်ရင် ဉာဏ်မကောင်းဘူး၊ ထုံတယ်၊ ကောင်းအောင် မလုပ်နိုင်ဘူး…

◾️အသစ်အသစ်တွေကို ကြိုးစားကြည့်ဖို့ရာ ခက်ခဲတယ်…

◾️တစ်ခုခုလွဲမှားတာနဲ့ Auto ကိုယ့်အမှားလို့ ခံယူတတ်တယ်…

◾️တစ်ခုခု ချွတ်ချော်လွဲမှားသွားရင် တစ်ယောက် ယောက်‌တော့ စိတ်ဆိုးတော့မှာပဲ… စသဖြင့် တွေးမိတတ်ကြတယ်။

ငယ်ဘဝအပြင် ကိုယ်ဖြတ်သန်းလာတဲ့ ဘဝအတွေ့ အကြုံအတွင်း ကြုံဆုံခဲ့ရတဲ့ လူ၊ ပတ်ဝန်းကျင် စတဲ့အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီလို အတိတ်ရဲ့အပြစ်တင်ဝေန်မှုတွေကို လက်ရှိအထိ သယ်ယူလာမိရင်း အကျိုး ဆက်အနေနဲ့ ဘာတွေကို ဆက်လက်ခံစားရတတ်လဲဆိုရင် –

◾️မိမိကိုယ်ကို ယုံကြည်ချက် နည်းပါးမှုပြီး ချစ်ခင်တန်ဖိုးထားစိတ် လျော့နည်းမှုတွေ၊

◾️လူသစ်တွေနဲ့ဆက်ဆံရမှာ (သို့) လူအများအပြားကြားနေရမှာကို စိုးထိတ်မှုတွေ၊

◾️ဘာလုပ်ရမလဲ၊ ဘာပြောရမလဲ မသိနေတဲ့ အခြေအနေတွေ၊

◾️သူများဘယ်လိုထင်မလဲ၊ ဘာတွေးနိုင်လဲဆိုတဲ့အပေါ် guesswork လုပ်မှုတွေ၊

◾️ကိုယ့်ကိုကိုယ်အပေါ် ဝေဖန်မှုတွေဆက်တိုက်လုပ်မိတတ်သလိုပဲ၊ သူများတွေလည်းငါ့ကို လုပ်နေမှာပဲလို့ ထင်မြင်မှုတွေ စတဲ့အတွေးတွေနဲ့ အမြဲ ရုန်းကန်နေရတတ်ပါတယ်။

“Unsolved Pain” လို့ခေါ်တဲ့ ဖြေရှင်းမှုမရှိတဲ့ ပြဿနာရပ်တွေ (သို့) အဆင့်ဆင့်လက်ဆင့်ကမ်းလာတဲ့ learnt behaviours တွေကြောင့် ဒီလိုအပြစ်တင်ခံရတဲ့အခြေအနေတွေကို တခြားသူတွေဆီက ရရှိခဲ့တာဖြစ်တယ်။ ဒါ့ကြောင့် တခြားသူပိုင်ဆိုင်ထားတဲ့ ဒီပြဿနာရပ်တွေနဲ့ ကိုယ့်ဆီဦးတည်ရောက်ရှိလာတဲ့ Projections တွေကို ကိုယ့်ဘဝတလျှောက်လုံး ဆက်လက် သယ်ဆောင်သွားစရာ မလိုအပ်ပါဘူးလေ။

ဟိုအရင်ကရေးခဲ့တဲ့ စာလေးတွေကို အကြောင်းပြုရင်း နိဂုံးချုပ်ပြောရရင် “𝗬𝗼𝘂 𝗮𝗿𝗲 𝘀𝗮𝗳𝗲 𝗻𝗼𝘄.” သင်ဟာ လုံခြုံတဲ့အရွယ်တစ်ခု ၊ အခြေအနေတစ်ခုမှာလည်း ရောက် ရှိနေပြီဖြစ်သလို “𝗬𝗼𝘂 𝗮𝗿𝗲 𝗲𝗻𝗼𝘂𝗴𝗵.” သင့်ရဲ့လုပ်နိုင်စွမ်းတွေ၊ လုပ်ဆောင်မှုတွေဟာ လုံလောက်ကောင်းမွန်နေခဲ့ပါပြီ။

🌱 ဒါ့ကြောင့် ကိုယ့်ကိုကိုယ် အပြစ်တင်မှုတွေ၊ လက်ညှိိုးထိုးဝေဖန်မှုတွေကို ရပ်တန့်ရင်း မိမိကိုယ်ကို ဂရုစိုက်တတ်တဲ့စိတ်၊ အားပေးတတ်တဲ့စိတ်၊ ချီးကျူးဂုဏ်ယူတတ်တဲ့ စိတ်နဲ့အတူ ချစ်ခြင်းတွေကိုပြန်လည် ပေးနိုင်ပါစေ။

Healing with Andrea

(4-Mar-2024)

#blaming#blames#pain#learntbehaviour#safety#hurt#awareness#mentalhealth#metoo


အခြား ဖတ်စရာများ 


Spread the love