Andrea

Image for Fight Flight Freeze Fawn by Healing with Andrea

Fight, Flight, Freeze, Fawn

𝗧𝗿𝗮𝘂𝗺𝗮 𝗥𝗲𝘀𝗽𝗼𝗻𝘀𝗲 လို့ အများအားဖြင့် ခေါ်ဝေါ်အသုံးပြုကြသလို အန္တရာယ်တွေရဲ့ရန်ကနေ မိမိကိုယ်ကို ကာကွယ်မှုပြုခြင်း လို့ ပြောနိုင်ပါတယ်။ အန္တရာယ်တစ်ခုခုကြုံလာချိန်မှာ ဖြစ်နေတဲ့အန္တရာယ်ရန်ကနေ လုံခြုံစေနိုင်ဖို့ တုံ့ပြန်တဲ့ Auto body response (သို့) survival mode ပဲ ဖြစ်ပါတယ်။ ဒါကို stress response လို့လည်း ပြောနိုင်သလို ရှေးဘိုးဘေးဘီဘင်တွေကတည်းက ကျွန်မတို့ဆီမှာ ပါလာပြီးသား 𝘀𝘂𝗿𝘃𝗶𝘃𝗮𝗹 𝗶𝗻𝘀𝘁𝗶𝗻𝗰𝘁 တစ်ခုဖြစ်တယ်။ အန္တရာယ်ကြုံနေတဲ့အချိန်တွေမှာဆို ဦးနှောက်ရဲ့ စဉ်စားတွေးခေါ်နိုင်မှုဆိုင်ရာအပိုင်းဟာ shut down လုပ်ခံလိုက်ရတယ်။ နောက် stress hormones ဖြစ်တဲ့ cortisol တွေ ထွက်ရှိတယ်။ ကြွက်သားတွေဆီ သွေးတွေ ပို့လွှတ်ရာမှတဆင့် body ကနေ ပြေးမှာလား “Flight” ၊ ပြန်တိုက်မှာလား […]

Fight, Flight, Freeze, Fawn Read More »

Image for Break the Cycle by Healing with Andrea

Break the Cycle

Break the Cycle ဒီပုံလေးက အချက်နှစ်ချက်ကို တပြိုင်တည်း သတိရမိစေတယ်။ 𝗜𝗻𝘁𝗲𝗿𝗴𝗲𝗻𝗲𝗿𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗧𝗿𝗮𝘂𝗺𝗮 𝗕𝗿𝗲𝗮𝗸 𝘁𝗵𝗲 𝗖𝘆𝗰𝗹𝗲 𝗜𝗻𝘁𝗲𝗿𝗴𝗲𝗻𝗲𝗿𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗧𝗿𝗮𝘂𝗺𝗮 ဆိုရာမှာ Traumatic Experience ကို “originated” အစပျိုး ဖြစ်ပေါ်ခံစားခဲ့ရတဲ့သူကနေတဆင့် generation လိုက်အတိုင်း ထပ်ဆင့် transfer လုပ်၊ အမွေပေးသွားသလိုပေါ့။ အဘွားကနေအမေဆီ၊ အမေကနေသူမွေးတဲ့ သားသမီးဆီ… စသဖြင့်ပေါ့။ ဥပမာပေးရရင် အိမ်တွင်းအကြမ်းဖက်မှု (Domestic Violence) ကို ကြိမ်ဖန်တလဲလဲ မြင်တွေ့ခဲ့ရတဲ့ ကလေးတစ်ဦးဟာ စိတ်ဒဏ်ရာခံစားရမယ်။ ဒီလိုခံစားရရှိသွားခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် နောက်ပိုင်း သူကြုံတွေ့ရင်ဆိုင်ရမယ့် relationship တွေမှာ သူဘယ်လိုပြုမူမှာလဲ? သူမွေးလာတဲ့ကလေးတွေအပေါ် ဘယ်လိုပုံစံ ဆက်ဆံသွားမှာလဲ? စတဲ့အပေါ် လွှမ်းမိုးသက်ရောက်မှု ပါသွားနိုင်တယ်။ နောက်တစ်ခု 𝗕𝗿𝗲𝗮𝗸

Break the Cycle Read More »

Image for People Pleasing by Healing with Andrea

People Pleasing

ဒီအကြောင်းဟာ People Pleasing နဲ့ သက်ဆိုင်နေတတ်သလို ငယ်ဘဝရဲ့ လိုအပ်မှုလေးတွေနဲ့လည်း သက်ဆိုင်ကောင်း ဆိုင်နိုင်ပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲 𝗣𝗹𝗲𝗮𝘀𝗶𝗻𝗴 ဆိုကတည်းက ကိုယ့်လိုအင်၊ ကိုယ့်ခံစားချက်၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေကို စတေးပြီး အများအကြိုက် လိုက်လျောဦးစားပေးတတ်တာမျိုးပေါ့။ သူကြိုက်သလို နေလိုက်မယ်၊ သူဖြစ်စေချင်သလို ဖြစ်ပေးလိုက်မယ်၊ သူပြောသလို လက်ခံလိုက်မယ်၊ သူတောင်းဆိုသလို လိုက်လျောလိုက်မယ် စသဖြင့် ကိုယ့်ရဲ့ ခံစားချက် “အစစ်အမှန်” တွေကို ဖိနှိပ်ထားပြီး တစ်ဖက် ကျေနပ်အောင် အမြဲခေါင်းငြိမ့်နေတာမျိုးပါ။ “ကိုယ်ဆိုတာ ပျောက်ရှနေတာမျိုးပေါ့။” လုပ်ချင်တာရော၊ မလုပ်ချင်တာရော၊ အဆင်ပြေတာရော၊ မပြေတာရော အရာအားလုံးကို တခြားသူအကြိုက်တွေပဲ လိုက်လျောပေးနေတတ်တာမျိုးပေါ့။ ငယ်ဘဝဆိုရာမှာတော့ Attachment တွေနဲ့လည်း ဆိုင်ကောင်းနိုင်တာပေါ့။ Attachmentလေးမျိုးထဲကမှ Ambivalent Attachment ဆိုတာက ကလေးဘဝရဲ့ အခြေအနေတွေကြောင့် အမြဲ

People Pleasing Read More »

Testimonials Counselling In Myanmar

Promoting Mental Health Awareness and Counselling in Myanmar

The promotion of mental health awareness and counselling in Myanmar is essential to addressing these challenges. ~ Healing with Andrea In Myanmar, mental health is a crucial aspect of overall well-being that is often overlooked or stigmatized. According to a study by the International Medical Corps, 21% of the population in Myanmar suffers from some

Promoting Mental Health Awareness and Counselling in Myanmar Read More »

Image for Love Definition by Healing with Andrea

မတူညီသော ချစ်ခြင်းများအကြောင်း (Self-love)

“ကျွန်မတို့လိုချင်နေခဲ့တဲ့၊ လိုက်ရှာနေခဲ့ (သို့) လိုက်ရှာနေဆဲဖြစ်တဲ့ မေတ္တာတရားဟာ ကျွန်မတို့နဲ့အနီးဆုံးမှာပဲ ရှိနေပါတယ်”ဆိုတာလေးနဲ့ စချင်ပါတယ်။ ကျွန်မတို့တော်တော်များများဟာ ချစ်ပေးချင်တာပဲဖြစ်ဖြစ် ၊ အချစ်ခံချင်တာပဲဖြစ်ဖြစ် ဒါတွေကို ကိုယ်ထင်နေတဲ့ ပုံစံတစ်မျိုးတည်းဆီကပဲ ရနိုင်တယ်လို့ ထင်မှတ်ခဲ့ကြဖူးတယ်။ ကိုယ်လိုချင်တာမရတဲ့အခါ၊ အချစ်ကိုမခံစားရတဲ့အခါ၊ ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာတဲ့အခါ အဲ့ဒီအပေါ် ဝမ်းနည်းမှုတွေ၊ မကျေနပ်မှုတွေ၊ လက်မခံမှုတွေနဲ့ပဲ လုံးလည်ချာလည်လိုက်ပြီး ဘဝရဲ့အချိန်တော်တော်များများမှာ ပူလောင်နေခဲ့ကြပါတယ်။ “Love” လို့ပြောလိုက်တာနဲ့ ပထမဆုံး ကျွန်မတို့အတွေးထဲရောက်လာတတ်ကြတာက သမီးရည်းစား၊ ချစ်သူနဲ့ အိမ်ထောင်ဖက် စတဲ့ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေအပေါ်ထားတဲ့အရာကိုပဲ ဦးဆုံး‌ပြေးမြင်မိတတ်ကြပါတယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာတွေဟာ ပုံစံအမျိုးမျိုးနဲ့ ကိုယ့်အနီးဆုံးမှာပဲ ရှိနေခဲ့ကြတယ်။ “Romatic” ဆန်တဲ့ အချစ်တစ်မျိုးတည်းကိုမှ ချစ်ခြင်းလို့ မသတ်မှတ်ပဲ မိမိကိုယ်ကို ချစ်ပေးခြင်း “Self-love” ဟာလည်း ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။အိမ်မှာမွေးထားတဲ့ ခွေးကလေးတွေ၊

မတူညီသော ချစ်ခြင်းများအကြောင်း (Self-love) Read More »

Image for Resilience by Healing with Andrea

Resilience

Resilience ရဲ့ အဓိပ္ပာယ်က ကြံ့ကြံ့ခိုင်နိုင်စွမ်းပေါ့။ အခက်အခဲတွေကနေပြန်လည်ရုန်းထွက်လာနိုင်ခြင်း၊ ဘဝရဲ့ အခက်အခဲတွေအပေါ် စိတ်ဖိစီးစရာလို့ မသတ်မှတ်ပဲ challenge အဖြစ် ခံယူနိုင်ခြင်းပဲ ဖြစ်တယ်။ ရှံးနိမ့်မှုတွေကြုံတောင် “lessons learned” အဖြစ်သတ်မှတ်ရင်း ကိုယ့်ရဲ့ တိုးတက်မှုအတွက် ပြန်လည် အသုံးချနိုင်ခြင်းပဲ ဖြစ်တယ်။ ခက်ခဲမှုတွေနဲ့ စိတ်ဖိစီးစရာအခြေအနေတွေကြုံရရင်တောင် အရှုံးမပေးပဲ ပြန်လည်ရုန်းထလာနိုင်ပြီး ဘဝကိုရှေ့ဆက်နိုင်ခြင်းပဲ ဖြစ်တယ်။ ( 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 ကို အထောက်အပံ့ပြုတဲ့ variables တွေကို ကျွန်မရဲဲ့ video တစ်ခုထဲမှာ မျှဝေထားဖူးပါတယ်။) ကျွန်မရဲ့ တကိုယ်ရည်စာအမြင်အားဖြင့် လမ်းလျှောက်တတ်ခါစ ကလေးလေးတွေဟာ 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 ရဲ့ အဓိပ္ပာယ်ကို ထင်ဟပ်စေတယ်လို့ ယူဆမိတယ်။ ကလေးလေးတွေဆိုတော့ အစပိုင်းမှာ မိဘအကူအညီတော့ ပါကြတာပေါ့။ လမ်းလျှောက်တတ်ခါစမှာ သူတို့လေးတွေအနေနဲ့ ခဏခဏ ချော်လဲကြတယ်။

Resilience Read More »

One Step at a Time By Healing with Andrea

Focus One Step at a Time to reach your Goal

“One Step at a Time” ကျွန်မဒီစကားလုံးလေးကို သတိထားမိတာက နာမည်ကြီး အမေရိကန် စိတ်ကုထုံးပညာရှင် တစ်ဦးထံကပါ။ ဘဝမှာ အဆင်မပြေမှုတွေရင်ဆိုင်ခဲ့ရတဲ့အချိန်တစ်ခုမှာ လက်ရှိလှမ်းနေတဲ့ ခြေလှမ်းတစ်လှမ်းချင်းစီရဲ့ ခွန်အားကိုယူရင်း ရှေ့ဆက်လှမ်းခဲ့တယ်ဆိုတဲ့ အကြောင်းလေးကို ပြောပြထားရင်းကနေ သတိထားမိခဲ့တာပါ။ အဆင်မပြေမှုဆိုရာမှာ ကိုယ်ထင်မှတ်မထားတဲ့အချိန်၊ မျှော်လင့်မထားတဲ့လူတွေနဲ့ အခြေအနေတွေကြောင့်လည်း လှုပ်ရှားပြင်ဆင်ချိန်မရအောင် ကိုယ့်ဆီ အတင်းတိုးဝင်လာတတ်ပါတယ်။ ဒီလို မဖိတ်ခေါ်ပဲ ရုတ်တရက်ကိုယ့်ဆီရောက်လာတဲ့ အဆင်မပြေမှုတွေကို နားလည်နိုင်ဖို့၊ လက်ခံနိုင်ဖို့ထက် များသောအားဖြင့် တုံ့ပြန်မိတတ်ကြတာက 𝗗𝗲𝗻𝗶𝗮𝗹 ( ငြင်းဆိုမှု) တွေနဲ့ 𝗦𝗵𝗼𝗰𝗸 (အံ့ဩမှင်သက်မှု) တွေပဲဖြစ်တယ်။ ဒါဟာ ပုံမှန်မဟုတ်တော့ပဲ ရုတ်တရက်ပြောင်းလဲသွားတဲ့ စိတ်ဖိစီးစရာအခြေအနေတွေအပေါ် ကျွန်မတို့ဦးနှောက်ရဲ့ တုံ့ပြန်မှုပဲဖြစ်တယ်။ လက်မခံနိုင်ခြင်းများစွာနဲ့အတူ ကိုယ့်ကိုကိုယ် ထုတ်နေတဲ့ မေးခွန်းတွေ၊ထင်မြင်ယူဆချက်တွေ(သို့) ပြန်လည်ပြင်ဆင်နိုင်ဖို့ အစွမ်းကုန် ညှိယူကြိုးစားခြင်းတွေကြားထဲ

Focus One Step at a Time to reach your Goal Read More »

What If By Healing With Andrea

What If?

အကယ်၍များ ဒီလိုသာဆိုရင်…What If…? အင်္ဂလိပ်လိုဆိုရင်‌တော့ နှစ်လုံးတည်းရှိတဲ့ “𝗪𝗵𝗮𝘁 𝗜𝗳” ပေါ့။ လူတော်တော်များများဟာ ဒီစကားလုံးကို ကိုယ့်ဘဝရဲ့ အတိတ်နဲ့အနာဂတ်အပေါ်မှာ သုံးလေ့ရှိတတ်ကြတယ်။ အကယ်၍များ စောစောသာ လုပ်ခဲ့မိရင်…. အကယ်၍များ ပိုပြီး ဂရုစိုက်ခဲ့မိရင်…. အကယ်၍များ အချိန်များများသာ ရခဲ့လိုက်ရင် …ဒါတွေဟာ အချိန်လွန်နောင်တတွေ၊ အားမရမှုတွေနဲ့အတူ ပြန်လည်ပြင်ဆင်ခွင့်မရှိတော့တဲ့အရာတွေအပေါ် မျှော်လင့်တောင့်တမိတတ်တဲ့ စကားလုံးတွေပေါ့။ ဒီလိုပဲ ဖြစ်မလာသေးတဲ့ အနာဂတ်အပေါ်ဆိုရင်လည်း အကယ်၍များ အဆိုးတွေပဲ ဖြစ်ခဲ့မယ်ဆိုရင်… အကယ်၍များ ဒီလိုသာ ဖြစ်သွားမယ်ဆိုရင်… အကယ်၍များ မျှော်မှန်းထားသလိုဖြစ်မလာခဲ့ရင်… စသဖြင်ပေါ့။ အနာဂတ်အတွက်ပြင်ဆင်နိုင်ဖို့ ဘာဖြစ်လာနိုင်မလဲဆိုတာအပေါ် ကြိုတင်တွေးတောတတ်ခြင်းဟာ အမှားတစ်ခုမဟုတ်ပါဘူး။ ဒါဟာ ရောက်လာမယ့်အနာဂတ်အတွက် အကောင်းဆုံးပြင်ဆင်ကြိုးစားနိုင်ဖို့ပါ။ ဒါပေမယ့် ကိုယ်တွေးလိုက်တဲ့အရာတွေတွေဟာ ကောင်းမွန်တဲ့အဖြေကိုရှာနိုင်တဲ့ (problem solving) ထက် အကြောက်တရားတွေနဲ့ စိုးရိမ်မှုတွေကိုသာ

What If? Read More »

Ruminating by Healing with Andrea

“ကိုယ့်ကို လေးလံစေတဲ့အရာတွေကို လွှတ်ချလိုက်ပါ” (Rumination)

စိုးရိမ်ပူပန်မှုတွေ၊ မကျေမနပ်ဖြစ်ခြင်းတွေဟာ များသောအားဖြင့် Rumination အတွေးလွန်ခြင်းနဲ့ စမြုံ့ပြန်ခြင်းတွေဆီကနေလည်း လာတတ်ပါတယ်။ မရောက်သေးတဲ့အနာဂတ်တစ်ခုအတွက် ဖြစ်မလာသေးတဲ့အရာတွေအပေါ် အမြဲ ကြိုတွေး၊ ကြိုပူပန်နေမိခြင်း (𝗙𝗲𝗮𝗿 𝗼𝗳 𝗨𝗻𝗸𝗻𝗼𝘄𝗻) နဲ့ မရေရာမှုတွေထဲ အတွေးများနေတတ်ခြင်းဟာ ကိုယ့်ကို စိုးရိမ်သောကတွေပဲ ခံစားရရှိစေပါတယ်။ ကျော်လွန်ခဲ့ပြီးတဲ့ အတိတ်တွေအပေါ် ပြန်လည်တူးဆွရင်း အတွေးနဲ့ စမြုံ့ပြန်နေခြင်းဟာ ကိုယ့်ကို အတိတ်သံသရာထဲမှာပဲ တဝဲလည်လည်ဖြစ်နေစေပြီး နောင်တတွေ၊ မကျေနပ်မှုတွေ၊ အပြစ်တင်ခြင်းတွေနဲ့ လက်ရှိအချိန်ကို ဖြတ်သန်းပိုင်ဆိုင်စေပါတယ်။ ဒီလို အနာဂတ်အပေါ် ကြိုပူပန်နေခြင်း၊ အတိတ်အပေါ် မကျေနပ်ခြင်းတွေကြောင့် လက်ရှိအချိန်ကို သတိမမူမိတော့ပဲ ကိုယ်ပြင်ဆင်နိုင်သေးတဲ့အရာတွေအပေါ် လျစ်လျူရှူမိနေတတ်ပါတယ်။ ကျွန်မဖတ်ဖူးတဲ့စာလေးတစ်ခုကို ဝေမျှရရင် “𝐓𝐡𝐞 𝐏𝐫𝐞𝐬𝐞𝐧𝐭 𝐦𝐨𝐦𝐞𝐧𝐭 𝐢𝐬 𝐟𝐚𝐫 𝐦𝐨𝐫𝐞 𝐩𝐨𝐰𝐞𝐫𝐟𝐮𝐥 𝐭𝐡𝐚𝐧 𝐭𝐡𝐞 𝐩𝐚𝐬𝐭

“ကိုယ့်ကို လေးလံစေတဲ့အရာတွေကို လွှတ်ချလိုက်ပါ” (Rumination) Read More »

Repression & Suppression by Healing with Andrea

Repression Vs Suppression

Repression နဲ့ Suppression ဟာ အသံထွက်ရော၊ စာလုံးပေါင်းရော ဆင်သယောင်ရှိပါတယ်။ နှစ်ခုစလုံးဟာ မလိုချင်တဲ့ အတွေး၊ စိတ်ခံစားမှုအခြေအနေတွေနဲ့ အဖြစ်အပျက်တွေအပေါ် ကိုယ်မနာကျင်စေဖို့၊ စိတ်သက်သာရာရစေဖို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်တဲ့ “ 𝗗𝗲𝗳𝗲𝗻𝘀𝗲 𝗺𝗲𝗰𝗵𝗮𝗻𝗶𝘀𝗺” တွေပဲ ဖြစ်ပါတယ်။ 𝗥𝗲𝗽𝗿𝗲𝘀𝘀𝗶𝗼𝗻 ကတော့ မသိစိတ်ထဲမှာ ရှိနေ၊ရောက်နေတာမျိုးပါ။ ကိုယ်တိုင် မလိုချင်တဲ့ နာကျင်စရာကိစ္စရပ်တွေဟာ သိစိတ်မှာ ပေါ်မလာတော့ပဲ မသိစိတ်ထဲမှာ ရောက်နေတာ၊ တိမ်မြုပ်နေတာမျိုးပေါ့။ ပျောက်သွားတာမျိုးတော့ မဟုတ်ပါဘူး။ 𝗨𝗻𝘀𝗼𝗹𝘃𝗲𝗱 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 ( မရှင်းထုတ်ရသေးတဲ့ ပြဿနာ) ဖြစ်နေတဲ့ အတွက် အချိန်တစ်ခုခုမှာ အသွင်တစ်မျိုးမျိုးနဲ့ ပြန်ပေါ်လာနိုင်ပါတယ်။ 𝗦𝘂𝗽𝗽𝗿𝗲𝘀𝘀𝗶𝗼𝗻 ကတော့ သိသိကြီးနဲ့ကို မေ့ဖို့ ကြိုးစားတာ၊ တွန်းထုတ်ပစ်တာ၊ ရှောင်ဖယ်တာမျိုးပါ။ ကိုယ်နာကျင်ရတော့ မတွေးမိအောင် သိစိတ်ကနေကို

Repression Vs Suppression Read More »