မတူညီသော ချစ်ခြင်းများအကြောင်း (Self-love)
“ကျွန်မတို့လိုချင်နေခဲ့တဲ့၊ လိုက်ရှာနေခဲ့ (သို့) လိုက်ရှာနေဆဲဖြစ်တဲ့ မေတ္တာတရားဟာ ကျွန်မတို့နဲ့အနီးဆုံးမှာပဲ ရှိနေပါတယ်”ဆိုတာလေးနဲ့ စချင်ပါတယ်။ ကျွန်မတို့တော်တော်များများဟာ ချစ်ပေးချင်တာပဲဖြစ်ဖြစ် ၊ အချစ်ခံချင်တာပဲဖြစ်ဖြစ် ဒါတွေကို ကိုယ်ထင်နေတဲ့ ပုံစံတစ်မျိုးတည်းဆီကပဲ ရနိုင်တယ်လို့ ထင်မှတ်ခဲ့ကြဖူးတယ်။ ကိုယ်လိုချင်တာမရတဲ့အခါ၊ အချစ်ကိုမခံစားရတဲ့အခါ၊ ကိုယ်ဖြစ်စေချင်သလို ဖြစ်မလာတဲ့အခါ အဲ့ဒီအပေါ် ဝမ်းနည်းမှုတွေ၊ မကျေနပ်မှုတွေ၊ လက်မခံမှုတွေနဲ့ပဲ လုံးလည်ချာလည်လိုက်ပြီး ဘဝရဲ့အချိန်တော်တော်များများမှာ ပူလောင်နေခဲ့ကြပါတယ်။ “Love” လို့ပြောလိုက်တာနဲ့ ပထမဆုံး ကျွန်မတို့အတွေးထဲရောက်လာတတ်ကြတာက သမီးရည်းစား၊ ချစ်သူနဲ့ အိမ်ထောင်ဖက် စတဲ့ ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေအပေါ်ထားတဲ့အရာကိုပဲ ဦးဆုံးပြေးမြင်မိတတ်ကြပါတယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာတွေဟာ ပုံစံအမျိုးမျိုးနဲ့ ကိုယ့်အနီးဆုံးမှာပဲ ရှိနေခဲ့ကြတယ်။ “Romatic” ဆန်တဲ့ အချစ်တစ်မျိုးတည်းကိုမှ ချစ်ခြင်းလို့ မသတ်မှတ်ပဲ မိမိကိုယ်ကို ချစ်ပေးခြင်း “Self-love” ဟာလည်း ချစ်ခြင်းမေတ္တာပဲ ဖြစ်ပါတယ်။အိမ်မှာမွေးထားတဲ့ ခွေးကလေးတွေ၊ […]
