Image for Resilience by Healing with Andrea

Resilience

Spread the love

Resilience ရဲ့ အဓိပ္ပာယ်က ကြံ့ကြံ့ခိုင်နိုင်စွမ်းပေါ့။

အခက်အခဲတွေကနေပြန်လည်ရုန်းထွက်လာနိုင်ခြင်း၊ ဘဝရဲ့ အခက်အခဲတွေအပေါ် စိတ်ဖိစီးစရာလို့ မသတ်မှတ်ပဲ challenge အဖြစ် ခံယူနိုင်ခြင်းပဲ ဖြစ်တယ်။

ရှံးနိမ့်မှုတွေကြုံတောင် “lessons learned” အဖြစ်သတ်မှတ်ရင်း ကိုယ့်ရဲ့ တိုးတက်မှုအတွက် ပြန်လည် အသုံးချနိုင်ခြင်းပဲ ဖြစ်တယ်။

ခက်ခဲမှုတွေနဲ့ စိတ်ဖိစီးစရာအခြေအနေတွေကြုံရရင်တောင် အရှုံးမပေးပဲ ပြန်လည်ရုန်းထလာနိုင်ပြီး ဘဝကိုရှေ့ဆက်နိုင်ခြင်းပဲ ဖြစ်တယ်။ ( 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 ကို အထောက်အပံ့ပြုတဲ့ variables တွေကို ကျွန်မရဲဲ့ video တစ်ခုထဲမှာ မျှဝေထားဖူးပါတယ်။)

ကျွန်မရဲ့ တကိုယ်ရည်စာအမြင်အားဖြင့် လမ်းလျှောက်တတ်ခါစ ကလေးလေးတွေဟာ 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 ရဲ့ အဓိပ္ပာယ်ကို ထင်ဟပ်စေတယ်လို့ ယူဆမိတယ်။

▪️ကလေးလေးတွေဆိုတော့ အစပိုင်းမှာ မိဘအကူအညီတော့ ပါကြတာပေါ့။ လမ်းလျှောက်တတ်ခါစမှာ သူတို့လေးတွေအနေနဲ့ ခဏခဏ ချော်လဲကြတယ်။ နာမှန်းသိတယ်။ ဒါပေမယ့် “တော်ပြီ။ မကြိုးစားတော့ဘူး။ ထပ်မလျှောက်တော့ဘူး” လို့ မရှိပဲ ကြိုးစားလျှောက်လှမ်းတယ်။ ချော်လဲတယ်။ ပြန်ထတယ်။ ထပ်လျှောက်တယ်။ ဒီလို အရှုံးမပေးရင်းနဲ့ပဲ လိုရာ ပန်းတိုင်ကိုရောက်အောင် သွားကြတယ်။ လိုရာပန်းတိုင်ဆိုတာ သူတို့ကို မြူပေးနေတဲ့ အမေ၊ အဖေတွေရှိရာဆီပေါ့။

▪️လမ်းလျှောက်တတ်ခါစ အရွယ်မှ မဟုတ်ဘူး။ ၂ လလောက်ကတည်းကလည်း Tummy Time ကျင့်နေပြီ။ ၂ လလောက်မှာ စမ်းမှောက်တယ်။ ၄ လလောက်မှာ ပြန်လှန်တတ်နေပြီ။ ၆ လလောက်မှာ လှန်ရာက ပြန်မှောက်စသဖြင့်ပေါ့။ တအင်း…အင်း… နဲ့ မရရအောင် မှောက်လိုက်၊ လှန်လိုက် လုပ်နေကြတာ။ ဒါဟာ သေချာတွေးကြည့်မယ်ဆိုရင် အရှုံးမပေးတတ်တဲ့ “resilience” ရဲ့ သဘောသဘာဝ ပဲ။

ကျွန်မတို့အားလုံးကိုယ်စီမှာ 𝗥𝗲𝘀𝗶𝗹𝗶𝗲𝗻𝗰𝗲 တွေဟာ ရှိနေပြီးသားဖြစ်တယ်။ ဒီလို ကလေးလေးတွေအရွယ်ကတည်းကပေါ့။ ဒါပေမယ့် ကြီးပြင်းလာမှုတောက်လျှောက်မှာ ကြုံခဲ့ရတဲ့ မိသားစုအခြေအနေတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေနဲ့ အတွေ့အကြုံ စတဲ့ resources တွေတိုင်းဟာ လက်ရှိကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်အား အနည်းအများကို ပုံဖော်ပေးလိုက်တယ်။

ကျွန်မတို့တွေဟာ အခက်အခဲတွေကို ဟိုးးငယ်ဘဝကတည်းက ရရှိလာပြီးသားဖြစ်တယ်။ ရှုံးနိမ့်မှုတွေ၊ နာကျင်မှုကို ကြုံခဲ့ရပြီးသားဖြစ်တယ်။ဒါပေမယ့် ကျွန်မတို့ ပြန်လည် ရုန်းထလာနိုင်ပြီး ဆက်လက် ရှင်သန်နေထိုင်လာနိုင်ခဲ့တယ်။ ချော်လဲလိုက်၊ပြန်ထလိုက်ရင်းနဲ့ပဲ “learning” လုပ်ရင်း လမ်းလျှောက်တတ်လာခဲ့တယ်။

ဒါ့ကြောင့် ဘဝမှာ စိတ်ဖိစီးစရာ (သို့) အခက်အခဲတွေကြုံလာတိုင်း ငယ်ဘဝဖြတ်သန်းလာဖူးတဲ့အတွေ့အကြုံလေးလိုပဲ အရှုံးမပေးပဲ ကိုယ့်ကိုကိုယ် ယုံကြည်ရင်း၊ ကြံ့ကြံ့ခိုင်သော စိတ်ခွန်အားတွေနဲ့အတူ ပြန်လည်ရုန်းထ ကြိုးစားစွမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

Healing with Andrea

(30-Sep-2023)

#resilience#challenge#learnandgrow#lessonlearned


အခြား ဖတ်စရာများ 


Spread the love